Friday 26 April 2013

နိုင်ငံခြားရုပ်ရှင်ဆိုက်လေး သဘောကျလို့ သိမ်းထားတာပါ

နိုင်ငံခြားရုပ်ရှင် တွေကြည့်ဖို့  အနှစ်သက်ဆုံးဆိုက်လေးပါ ။နာမည်အလိုက်ရှာဖွေနိုင်သလို ဇာတ်ကားအမည် အက္ခရာစဉ်အလိုက်ထည့်ပေးထားပြီး နောက်ဆုံးထွက်ဇာတ်ကားများထိ 
ရှိပါတယ်။ ဆိုဒ်လင့်ကတော့ http://viooz.co/ ဖြစ်ပြီး movies စာမျက်နှာမှာ သွားကြည့်ရမှာပါ။
http://viooz.co/movies

Sunday 21 April 2013

ဆလုံ


ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

Sunday 17 March 2013

သဘာဝဆေးမြီးတိုများနဲ့  အခြားမှတ်သားဖွယ် အလွယ်နည်း လေးများ

ဝက်ခြံပျောက်နည်း

ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကို
အရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကို
လိမ်းပေးပါက သက်ခြံများ ပျောက်ပါသည်။

အရိုးစူးလျှင်ပျောက်နည်း
ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါက
လျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်
တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။

ခြေထောက်ကို သံစူးလျှင် သက်သာနည်း
သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ
၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။
တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။

ဆံပင်မကျွတ်စေသောနည်း
အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါက
ပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များ
ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

Monday 10 September 2012

Youtube တွင် အလွယ်တကူ Download ယူရန်

မောင်စေတနာဆိုက်မှ ကူးယူမှတ်သားထားပါသည်။
 အဆင့်(၁)
IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။
(dawnload themall ဆိုတာလေးကို ကလစ်ပါက အဆိုပါ စာမျက်နှာသို့ေ၇ာက်ပါမည်)


Friday 24 August 2012

ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေ



ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Maplecroft သုတေသနဌာနက သတိပေးလိုက်ပါတယ်။

Sunday 12 August 2012

skype မှာ မြန်မာဖေါင့် နဲ့ မြင်နိုင်စာရီုက်နိုင်ဖို့ အတွက်

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်မသိသေးတဲ့ သူတွေအတွက် ကိုခင်မောင်လွင်ဆိုက်လေးမှာ တွေ့ လို့ ကုယူဖေါ်ပြလိုက်ပါတယ်..မူရင်းလင့်ကတော့

http://khinmaunglwinkk.blogspot.com/2012/04/skype.html

ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

ကြိုက်လို့တင်ထားပါတယ်...မန္တလေးသားပါဆိုတဲ့ ဟာသပြဇတ်လေးပါ...ြ

Wednesday 8 August 2012

ကချင်ပြည်နယ်မှာတရားမဝင်တရုပ်လူမျိုးတွေ ထောင်နဲ့ချီ အခြေချနေပြီလို့ လူဝင်မှု အရာရှိပြောဆို


ကချင်ပြည်နယ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်အခြေချနေထိုင်သူ အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး၊ အခုဆိုရင် တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ ထောင်နဲ့ချီရှိ နေပြီလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်း နယ်မြေမလုံခြုံ
မှုကြောင့် တရားမ၀င်ခိုးဝင်နေထိုင်သူတွေကို ကြပ်ကြပ် မတ်မတ်ဖော်ထုတ် စစ်ဆေးအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် အနီးစပ်ဆုံးသာ ခန့်မှန်းပြောဆိုရတာ ဖြစ်တယ်လို့ အဲ့ဒီဋ္ဌာနရဲ့ညွန်ကြားရေးမှူး ဦးကြည်လင်က အခုလ (၄) ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနအနေနဲ့ ၁၉၈၅ ခုနှစ်ကနေစပြီး နိုင်ငံခြားသား တရားမ၀င် ဝင်ရောက်မှု ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တရုတ်နိုင်ငံကနေ ကချင်ပြည်နယ်အတွင်း နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မန်ဝိန်း စတဲ့ နယ်စပ်ဂိတ်တွေက တရားမဝင် ဝင်ရောက်လာသူတွေကိုစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ယခုနှစ်ဇန်နဝါရီ ၁ရက်ကနေဇူလိုင် ၃၁ရက်နေ့အထိနယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၁ဝ ဦးကို ပြည်နှင်ဒါဏ်ပေးခဲ့ ပြီး ကျန် ၄ ယောက်ကိုတော့ တရားရုံးတင်စစ်ဆေး နေဆဲ ဖြစ်ကြောင်းသိရပါတယ်။

အသက် ၁၆ နှစ်ပြည့်ပြီး သူတိုင်း စက်စွမ်းအား ၁၁၀ စီစီနှင့် အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်ရမည်


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုန်ပြန်ချက်များ အရ အသက် ၁၆ နှစ်ပြည့်ပြီး သူများဟာ စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့်
လိုင်စင်များ ရယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ က.ည.န ရုံးများမှာ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အသက် ၁၆ နှစ်ပြည့်ပြီး စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် ရယူလို သူများဟာ သတ်မှတ် ယာဉ်မောင်း သင်တန်းများ တက်ရောက်ကာ အမောင်းသင် လိုင်စင် ရယူပြီး စစ်ဆေးမှုများ ဖြေဆိုအောင်မြင် ပါက ဆိုင်ကယ် မောင်းနှင်ခွင့် အတွက် လိုင်စင်ထုတ် ပေးမှာ ဖြစ်ပါတယ်။

ဒီလို အသက် ၁၆ နှစ်ပြည့်သူများ အတွက် ထုတ်ပေး သွားမယ့် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင် တွေဟာ အသက် ၁၈ နှစ်ကျော်တဲ့ အခါ မှာတော့ စက်စွမ်းအား ၁၁၀ စီစီအထက် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်နဲ့ လဲလှယ်ခွင့် ရှိတယ်လို့ သိရပါတယ်။ အရင်က ယာဉ်မောင်း လိုင်စင်ရရှိဖို့ အတွက် စတင် သင်ကြား မောင်းနှင်ဖို့ ကနဦး ရယူရတဲ့ အမောင်းသင် လိုင်စင်ကို အသက် ၁၇ နှစ်ပြည့်ပြီးမှ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဆိုင်ကယ်ကို မြို့ပြနဲ့ ကျေးရွာ အနှံ့အပြားမှာ တွင်ကျယ်စွာ အသုံးပြု လာတာကြောင့် အခုလို ဆောင်ရွက် ပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday 31 July 2012

Central Bank of Myanmar (CBM) Reference Foreign Exchange Rates

1USD = 875.00 MMK

1EUR = 1073.00 MMK

1GBP = 1374.60 MMK

1SGD = 701.85 MMK

1MYR = 277.91 MMK


Saturday 14 July 2012

အသက် ၁၃ နှစ်ပြည့် ကလေးများ အလုပ်လုပ် လိုပါက တရားဝင် ဆေးစစ် ချက်ရှိမှ အလုပ် လုပ်ကိုင်ခွင့် ပေးမည်

အသက် ၁၃ နှစ်ပြည့်ပြီး ပြီဖြစ်တဲ့ ကလေးငယ်များ အလုပ် လုပ်ကိုင် လိုပါက သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ရဲ့ ဆေးစစ်ချက် ရရှိပြီးမှသာ အလုပ် လုပ်ကိုင်ခွင့်
ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ သိရပါတယ်။ အခုလို ဆေးစစ်ချက် ပါရှိပြီးမှသာ အလုပ်မှ တာဝန်ရှိသူက ခန့်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်နေတဲ့ အထဲမှာ အသက် ၁၃ နှစ်ပြည့်ပြီး ဆေးစစ်ချက် ပြုလုပ်ထားခြင်းမျိုး မရှိတဲ့ ကလေး လုပ်သား ရှိ၊ မရှိကိုလည်း ခန့်ထားတဲ့ တာဝန်ရှိသူမှ စစ်ဆေးမှုကို ပြုလုပ် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Sunday 8 July 2012

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အား တင်သွင်းနိုင်ရန် စီစဉ်

ယဉ်ကျေးမှု ၀န်ကြီး ဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိရာမှာ ယဉ်ကျေးမှု ၀န်ကြီးဌာန အနေနဲ့ ရှေးဟောင်း စေတီ၊ ပုထိုး၊ ဂူကျောင်း စတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀-၁၀၀၀ ခန့်က နံရံဆေးရေး ပန်းချီများ၊ အင်္ဂတေပန်း စတဲ့ အနုလက်ရာများ တည်ရှိနေတဲ့ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်း နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။

Saturday 7 July 2012

ဦးစားပေးတိုက်ဖျက်ဆဲ တီဘီ

Photo

တီဘီရောဂါသည် မြန်မာနိုင်ငံအတွက်ပြည်သူ့ကျန်းမာရေးပြဿ နာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အဓိက  ဦးစားပေးတိုက်ဖျက်ဆဲဖြစ်သည့်ရောဂါတစ်ခုလည်း  ဖြစ်သည်။
ကမ္ဘာ့တီဘီအဖြစ်အများဆုံး ၂၁ နိုင်ငံ၊ ဆေးယဉ်တီဘီရောဂါ အဖြစ်အများဆုံး ၂၇ နိုင်ငံ၊ TB/HIV အဖြစ်အများဆုံး ၄၁ နိုင်ငံ များတွင် ပါဝင်သည့်မြန်မာနိုင်ငံ သည်လွန်ခဲ့သော နှစ်သုံးဆယ် ခန့်နှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်း ကျဆင်းလာသော်လည်း ယခုအ ချိန်၌  လူ ၁၀၀၀ တွင် သုံးဦးမှ လေးဦးအထိ တီဘီရောဂါဖြစ်ပွားနေ ဆဲဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။

ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းများနေဆဲဖြစ်

အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့် ရင်သားကင်ဆာဖြစ်ပွားမှုများပြားနေသကဲ့သို့ သေဆုံးမှုလည်း များပြားနေဆဲဖြစ်ကြောင်း ပါမောက္ခဒေါက်တာမြသိန်းဟန်က ပြောကြားသည်။
ရင်သားကင်ဆာသည် အနောက်နိုင်ငံများတွင်လည်း ဖြစ်ပွားမှုအများဆုံးကင်ဆာရောဂါဖြစ်ပြီး သေဆုံးနှုန်းမှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း မြန်မာနိုင်ငံတွင်ရောဂါအကြောင်း သေချာစွာ မသိကြခြင်း၊ ထိရောက်သော ကုသမှုများအစား တတ်ကျွမ်းမှုမရှိသောသူများဖြင့် ကုသကြခြင်းစသည်တို့ကြောင့် သေဆုံးမှုများပြားနေခြင်းဖြစ် ကြောင်း New Star   ရတနာဆိုင်မှ ပြုလုပ်သည့် ကျန်းမာရေး
ဟောပြောပွဲတွင် ဒေါက်တာမြသိန်းဟန်က ပြောကြားခဲ့သည်။
“ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အသိမှန်ရှိဖို့ အရမ်းအရေးကြီးပါတယ်”

Friday 6 July 2012

မြိတ်ကျွန်းစုဒေသမှာ ခရီးသွားဆွဲဆောင်မှု ဖြစ်နေ။ ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိ


ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းဖြစ်သော TF1 သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ လာရောက် ကာ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ရိုက်ကူးလိုကြောင်း၊ အထူးသဖြင့် မြိတ် ကျွန်းစုဒေသကိုရိုက်ကူးထုတ်လွှင့်လို ကြောင်းဆွေးနွေးခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာနမှ သိရှိရသည်။TF1 ရုပ်သံလိုင်းသည် နောင်တွင် အခွင့်အလမ်း ပေါ်ပေါက်ပါက မြန်မာနိုင်ငံ၏ အခြားသော စိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသများ၊ ပုဂံ၊ အင်းလေးကန် စသည့်ဒေသများကိုပါ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သိရသည်။ရိုက်ကူးထားသော မှတ်တမ်းခွေများကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ အခမဲ့သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း လာရောက်ဆွေးနွေးသည့် အဆိုပါ ရုပ်သံလိုင်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုလည်း သိရှိရသည်။မြန်မာနိုင်ငံသို့ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် သင့်တော်သော အချိန်ကာလကို ရွေးချယ်စေလိုပြီး ရိုက်ကူးရေးကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို သေချာစွာလေ့လာ၍ ဆောင်ရွက်စေ လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးဌေးအောင်က ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်း TF1 သည် ဥရောပရုပ်သံလိုင်းများ အနက် နံပါတ်(၁)နေရာတွင် ရှိနေကာ အပတ်စဉ်ကြည့်ရှုသူပေါင်း ခုနစ်သန်းမှ ရှစ်သန်းခန့်ရှိနေသည် ဟု အဆိုပါ ရုပ်သံလိုင်းမှ ရှင်းလင်းမှုများတွင် ပါရှိသည်။TF1သည် လွန်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စသည့်အရှေ့ တောင်အာရှနိုင်ငံများနှင့် လက်တင် အမေရိကနိုင်ငံများတွင် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
ယခု လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိနေသည့် မြိတ်ကျွန်းစု ဒေသသည် မြန်မာနိုင်ငံတောင်ပိုင်း တွင် တည်ရှိသော နာမည်ကျော်ခရီး သွားဒေသဖြစ်ကာ ကျွန်းပေါင်း ၈၀၀ ကျော်နှင့်ဖွဲ့စည်းထားခြင်း၊ မ ပျက်စီးသေးသော သဘာဝအလှအပများကို တွေ့မြင်နိုင်ခြင်း၊ ပင်လယ် ရေအောက်သဘာဝကို လေ့လာနိုင်ခြင်း၊ ဆလုံတိုင်းရင်းသားများ၏ လူနေမှုဘ၀ကို လေ့လာနိုင်ခြင်းစသော အချက်များသည် မြိတ်ကျွန်းစုဒေသ ၏ ခရီးသွားဆွဲဆောင်မှု ဖြစ်နေသည်ဟု သိရှိရသည်။
Ref:EMG

Monday 2 July 2012

နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေ များတွင် ပါဝင် ပြဋ္ဌာန်း နိုင်ရေး စာတမ်းဖတ်ပွဲ ကျင်းပခဲ့

အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ရဲ့ နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေများမှာ ပါဝင်ပြဋ္ဌာန်း နိုင်ရေး အတွက် စာတမ်း ဖတ်ပွဲကို ဇူလိုင်လ
၁ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ ခန်းမမှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရတာ ကတော့ နိုင်ငံတကာ နည်းတူ အလုပ်သမား ဥပဒေ တွေကို ပိုမိုကျယ်ပြန့် လာအောင် ပြုလုပ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲကိုတော့ Purple Equity Law Firm နဲ့ တိုင်ရီ ဖိနပ်စက်ရုံမှ အခြေခံ အလုပ်သမား အဖွဲ့အစည်း တို့က ပူးပေါင်းပြီး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲမှာ နိုင်ငံတကာရှိ ဥပဒေများနဲ့ ပြည်တွင်းရှိ ဥပဒေများကို နှိုင်းယှဉ် ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို ဆွေးနွေးရာမှာ  အလုပ်သမားနဲ့ လယ်သမား အရေးတို့ အတွက် အဓိကထားပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ Purple Equity Law Firm မှာဆိုရင် အလုပ်သမား တွေနဲ့ အဓိက ပတ်သက်တဲ့ ဥပဒေ ရေးရာတွေကို လုပ်ဆောင် ပေးနေတာ ဖြစ်ပြီး လယ်သမား ကိစ္စရေးရာတွေ ပေါ်ပေါက် လာတဲ့ အပေါ်မှာလည်း အချို့ ကိစ္စရပ်တွေကို အခကြေးငွေ မယူဘဲ ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။MRTV4 NEWS

မြန်မာနိုင်ငံ၏ အကြီးဆုံးဟံသာဝတီ(ပဲခူး)လေဆိပ် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အားမြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လာမည့်နှစ်များ၌ ခရီးသည်ဝင်ရောက်မှုမှာရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းဖြင့်
လုံလောက်မှု မရှိနိုင်ခြင်းကြောင့် အဆိုပါလေဆိပ်ကို တည်ဆောက်ရခြင်းဖြစ်သည်။
လေဆိပ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အပြီးတည်ဆောက်သွားမည်သည်။
ဟံသာဝတီလေဆိပ် ဆောက်လုပ်ပြီးစီးလျှင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယခင်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်းလေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးတင်နိုင်ထွန်းက ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း ကို ၁၉၉၀ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်
စီမံကိန်းစတင်နိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Saturday 30 June 2012

မြန်မာဇော်ဂျီဖေါင် နှင် မြန်မာဖေါင်းနှင့် ပတ်သတ်သမျှ


zawgyi -2008 နောက်ဆုံးဗားရှင်းဖြစ်ပါတယ် ။zawgyi-2008 ဒေါင်းရန်

သာမာန်ဆို zawgyi-2008 ထည့်လိုက်ရုံနဲ့ မြန်မာစာဖတ်လို့ ရိုက်လို့ ရပါတယ်။ဒါပေမဲ့ မြန်မာစာရိုက်လို့ မရသေးဘူးဆိုရင်ဖြစ်ဖြစ် window 64bit တွေအတွက် zawgyi64bit ကို အောက်ပုံလေးမှာပြထားတဲ့ setup ကို run ထည့်ပေးပါ။
zawgyi64bit keyboard L ဒေါင်းရန်
တစ်ခါတစ်ရံ မြန်မာဖေါင်ပျောက်သွားတာဖြစ်ဖြစ်..မြန်မာဖေါင့်ကီးဘုတ်ပျောက်ပြီး မြန်မာစာရိုက်လို့ မရတော့တာ
ဖြစ်ဖြစ် ဖြစ်ခဲ့ ရင်  control panel ထဲကနေ မြန်မာဖေါင့်တွေကို uninstall ပြန်လုပ်ပြီး အပေါ်က နှစ်ခုကို ပြန် run ရင် အဆင်ပြေနိုင်ပါတယ် ။

zawgyi ဖေါင်း နဲ့  အဆင်မပြေတဲ့  proshow gold လို နဲ့ အခြားဆော့ဝဲတွေအတွက် ဒီဇိုင်းမျိုးစုံနဲ့ မြန်မာဖေါင့်များဖြစ်ပါတယ် ။
ဒီဇိုင်းမျိုးစုံ မြန်မာဖေါင့်များဒေါင်းရန်  

ဖေါင့်တွေ ထည့်ပုံထည့်နည်းကတော့ ဖိုင်ကိုဖြေပြီး မြန်မာဖေါင့်တွေ အကုန်လုံးကို copy ကူးလိုက်ပါ။ ပြီးရင်
control panel ထဲက fonts folder ထဲမှာ သွားပြီး paste လုပ်ပေးလိုက်ပါ ။font folder ကို ပုံမှာ ပြထားတဲ့ အတိုင်းလဲ သွားနိုင်ပါတယ် ။

အနှစ်သက်ဆုံး အဂ်လိပ်မြန်မာ ဒေရှင်နယ်ရီ

skype setup

gtalk / gmail ဆိုင်ရာ

     

 
gmail မှာ video နဲ့  voice ချက် နိုင်ဖို့ အတွက် GoogleVoiceAndVideoSetup(1) ဒေါင်းရန်

gtalk တွေ ကြိုက်သလောက်ဖွင်နိုင်အောင် gtalk ပွားပုံလေးပါ.... all program ကနေ gtalk ကို right click နဲ့ properties ကိုဝင်ပြီး အောက်ကပုံအတိုင်း nomutex ဆိုတာလေးချိန်းထည့်ပေးလိုက်ပါ။

Google talk မှာ Window Media Player နဲ့ သီချင်းဖွင့်ရင် သီချင်းခေါင်းစဉ်လေး ပေါ်ဖို့

Google talk မှာ Window Media Player နဲ့ သီချင်းဖွင့်ရင် သီချင်းခေါင်းစဉ်လေး ပေါ်ဖို့ အတွက်ပါ။
window media player ဖြင့် သီချင်းတစ်ပုဒ်ဖွင့်ထားလိုက်ပါ ။(tools မှ တစ်ဆင်း  options ကို)(သို့မဟုတ်)( သီချင်းဖွင့်ထားတဲ့  window media player ပေါ်မှာ right click နိပ်ပြီး more options ကို နိပ်) ၀င်ပြီး plugs-ins ကိုေ၇ွးပါ ။အဲဒီက background ကို ထပ်ေ၇ွးပါ ။ညာဘက်တွင် google talk music plug inဆိုတာလေးကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် gtalk တွင် show current music track ကိုေ၇ွးပေးလိုက်ပါ။


 orgnize   ကနေ  Options  ကို ဝင်ပါ။
အောက်ကပုံလေးအတိုင်း ဆက်လုပ်သွားလိုက်ပါ...။ 

 တကယ်လို့  window media plater  မှာ google talk music plugn မပေါ်ဖူးဆိုရင်တော့ အောက်က အတိုင်း လုပ်လိုက်ပါ ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။
ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။
Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ၀တ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။

Friday 29 June 2012

window media player မှာ format မျိုးစုံကိုဖွင့်နိုင်အောင်

dvd ,vodeo ,song တွေရဲ့  format မျိုးစုံကို အခြား Player တွေသုံးစရာမလိုပဲ window media player တစ်ခုတည်းမှ ဖွင့်လို့ ရအောင်
အောင်က ဆော့ဝဲလေးကို run ထားလိုက်ပါ။Install လုပ်စဉ် format အကုန်လုံးကို အမှန်ခြစ် ပေးထားလိုက်ပါ ။

windowmediaplayer အတွက် codec.pack.v.setup ဒေါင်းရန် 

Install လုပ်ပုံကိုအောက်မှ ဆက်ကြည့်နိုင်ပါတယ်..ပြီးတော့ window media player မှာ error အတွက်လဲ ဒီဆော့ဝဲလေးကို install လုပ်ခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်။

Chrome နှင့် ဇော်ဂျီဖောင့် ပြသာနာ


Chrome မှာ Zawgyi ရော Unicode ရော အဆင်ပြေပါတယ်။ ဟိုးအရင်ကတည်းက သုံးနေတာတော့ ကြာပါပြီ။ ထုတ်ထားတုန်းကတော့ Lion တွက် ထုတ်ခဲ့တာပါ။ နောက်ပိုင်း သုံးကြည့်ရင်း ကြိုက်တာနဲ့ chrome သုံးပြီးတိုင်းဒါလေးကို သုံးဖြစ်သွားတာ ဒါကြောင့် စာရေးစာဖတ်ဖို့ Chrome မှာ ပြေလည်နေခဲ့တာ ။ တချို့က အခု Chrome မှာ Zawgyi ကို support လုပ်ပြီလို့ ထင်နေကြတယ်။ အကုန်လုပ်ပြီလားဆိုတော့လည်း မဟုတ်သေးဘူး။ အပြည့်အလုပ်မလုပ်သေးပါဘူး။ တချို့ဆိုဒ်တွေမှာ လုပ်တယ်။ တချို့ဆိုဒ်တွေမှာ Error တက်တယ်။

ဒါကြောင့် ကျွန်တော်ဖော်ပြတဲ့ Extension ကို သွင်းပြီး သုံးကြည့်ပါ။ အောက်က ပုံနဲ့ ဖော်ပြထားပါတယ်။ ဟိုနေ့က ကျွန်တော် တင်တဲ့ ပိုစ့်တွေကို Error တက်နေတာရယ် ချက်ဘောက်မှာ မေးထားတာလေးရှိနေုလို့ ကျွန်တော် chrome ကနေ ဒီ Extension အဖြုတ်အတပ်လေး လုပ်ပြီး ပြန်စမ်းပေးလိုက်ပါတယ်။ ပုံကိုကြည့်ပါ။


ဒီ Extension ကို ဒီလင့်ကနေ သွားရော သွင်းလို့ရပါတယ်။  

ကိုနေမင်းမောင်ဆိုက်က ပိုစ်လေးကို ကူယူမှတ်သားထားတာပါ။

Wednesday 27 June 2012

ကိုယ်ဝန်ရှိ အလုပ်သမများကို ပြန်ပို့မည့် ထိုင်းအစိုးရ ဝေဖန်ခံနေရ

ထိုင်းနိုင်ငံမြောက်ပိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံတရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေသည့် မြန်မာအလုပ်သမားများကို ၂၀၁၀ ပြည့်နှစ်က ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင် ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက် နေသူများက ဝေဖန်နေကြသည်။
အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီ အစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မကြာသေးမီ ရက်ပိုင်း အတွင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာ

ဗိုလ်ချုပ်ဒေါသထွက်သောနေ့

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်တို့ အပါအ၀င် မိသားစု ဓာတ်ပုံ

ဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော် (ခေတ်လူငယ်များ၏ မှတ်စု ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်) ဗိုလ်ချုပ်သည် ဘယ်ကိုမျှ မကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတထွေးကြီးခင်းကာ စာကုန်းရေးနေသည်ကို တွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဝတ်အစားမှာ ဗိုလ်ချုပ်နှင့် ထိုက်သင့်သော စစ်ဝတ်စုံအဟုတ်ပေ။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကို စီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။

Tuesday 26 June 2012

ကင်ဆာအတွက် သင်္ဘောရွက်


ကင်ဆာအတွက် သင်္ဘောရွက် ( အခုတင်ပြတာကလည်း မရှားသလို ဈေးလည်းမကြီးပါဘူး )
ဆေးမှတ်စုMg Mandalay(facebook)
 စာရေးသူကိုယ်တိုင်လည်းအလုပ်နဲ့ တောတောင်တွေမှာနေထိုင်စဉ်ကလည်း အခုတင်ပြထားသော သင်္ဘောရွက်ကို တောထဲမှာရှာစားခဲ့ပါသည် ။ အစွမ်းထက်ပါသည် ။ (Mg Mandalay )
သင်္ဘောရွက်  သည် ရောဂါမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။

အန္တရာယ်များထဲ့က ပန်းတပွင့် (သို့ ) မြန်မာအမျိုးသမီးငယ်တို့ ၏ ပြောင်းလဲသွားသောဖက်ရှင်ရေစီးကြောင်း

 
Mg Mandalay ရဲ့ ပိုစ်ဖြစ်ပါတယ် မူရင်းလင့်
(ဒီပို့ စ်က ကောင်းတာလည်းပါပါသည် မကောင်းတာလည်း ပါနေလို့ ကိုယ့်လူမျိုးတွေအတွက် သတိချပ်စရာဖြစ်စေချင်တဲံ့ ဆန္ဒပါ ....ခေတ်မှီနေသော ယနေ့ လူငယ်များအတွက်လည်း
(အားလုံးအတွက် သတိချပ် ဆေးဝါးအန္တရာယ် ဒို့ ကာကွယ် ) ကိုဆက်လက်ဖတ်မှ ပြည့်စုံမည်ထင်ပါသည် ။ ရာသီဥတု ပူလွန်းသည့် အပြင် လုပ်ကိုင်ရအဆင်ပြေရန်အတွက်ရန်ကုန်မြို့နှင့် မြို့ တော်တော်များ
အမျိုးသမီးအများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္တာကိုအပေါ်ပိုင်းတွင် ရင်သား
ဖေါ်ဝတ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိဘောင်း
ဘီတို သို့ မဟုတ်စကတ်များဝတ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။
လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာလုပ်ငန်းမှ
တူညီဝတ်စုံများဝတ်လေ့ရှိကြသော်လည်း အချို့ လွတ်လပ်စွာဝတ်ခွင့် ရသည့်

Monday 25 June 2012

လုပ်အားခေါင်းပုံဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်

အလုပ်သမားများ၏ လုပ်အားခေါင်းပုံဖြတ်ခံရခြင်းမှ အကာအကွယ်ပေးနိုင်ရန် ယခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေ(မူကြမ်း)တွင် ဦးစားပေးအချက်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအလုပ်သမား များအပေါ် လုပ်အားခေါင်းပုံ ဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ယခုလ ပထမပတ်က ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအစည်းအဝေး၌ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။ “နိုင်ငံတကာနဲ့ညီတဲ့ အနည်းဆုံး အခကြေးငွေ ဖြစ်လာအောင် ဖန်တီးပေးမယ်။ လုပ်အားခေါင်းပုံဖြတ်တဲ့ကိစ္စကို လုံးဝအကာအကွယ် ပေးရမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ “အလုပ်သမားတွေအပေါ်မှာ အလုပ်ရှင်ရဲ့ အဓမ္မလုပ်အား ညှစ်ထုတ်ခိုင်းစေမှုတွေ ရှိနေပါတယ်။ လုပ်အားနဲ့ လုပ်ခမျှတဖို့ လိုပါတယ်။ အခြေခံလစာ တိတိကျကျ သတ်မှတ်ပေးရပါမယ်။ မုန့်ဖိုးတို့၊ ဆုကြေးဆိုတာ အလုပ်သမားကို သက်သက် ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ” ဟု ဆောက်လုပ်ရေး အခြေခံအလုပ်သမားသမဂ္ဂမှ ဦးကိုဆိုင်းက ပြောသည်။ ယခုအခါ မေလကုန်အထိ လုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံပေါင်း ၅၇ ရုံရှိကာ ယင်းမှ အလုပ်သမား ကျား၊ မပေါင်း ၃၆၈၁၀ ရှိနေကြောင်း သိရသည်။ “အလုပ်ရှင်နဲ့ အလုပ်သမားဟာ မိတ်ဖက်အကျိုးတူ စီးပွားဖက်တွေအဖြစ် စဉ်းစားကြပါ။ ဆက်ဆံကြပါ။ နောက်တစ်ခုက ရှင်းရှင်းလင်းလင်းဖြစ်တဲ့ လစာ တွက်ချက် သတ်မှတ်မှုမျိုး ဖြစ်သင့်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ အဆင့်အတန်းကို လက်ခံနိုင်ဖွယ်အဆင့်အထိ ရောက်ရှိရန် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အကြိုက်ဆုံး မြန်မာသံစဉ်တေးများ

Saturday 16 June 2012

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရ

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရသည်။


ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ ထို့ပြင် ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဟု သတင်းရရှိပါသည်။