မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့အရေအတွက် အလွန်အမင်း များနေတဲ့ ပြဿနာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်လာနေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။