Pages

Sunday, 8 July 2012

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အား တင်သွင်းနိုင်ရန် စီစဉ်

ယဉ်ကျေးမှု ၀န်ကြီး ဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိရာမှာ ယဉ်ကျေးမှု ၀န်ကြီးဌာန အနေနဲ့ ရှေးဟောင်း စေတီ၊ ပုထိုး၊ ဂူကျောင်း စတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀-၁၀၀၀ ခန့်က နံရံဆေးရေး ပန်းချီများ၊ အင်္ဂတေပန်း စတဲ့ အနုလက်ရာများ တည်ရှိနေတဲ့ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်း နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။


အခုလို ဆောင်ရွက်ဖို့ အတွက် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသကို ၁၉၉၆ ခုနှစ် ကတည်းက ကမ္ဘာ့ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း စာရင်း တင်သွင်းနိုင်ဖို့ အခြား ဆောင်ရွက်ချက်များ ရှိတာကြောင့် ဆက်လက် အကောင်အထည် မဖော်နိုင်ဘဲ ရပ်တန့် နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းဖို့ အတွက် နိုင်ငံတကာ အထောက်အပံ့ ရရှိနိုင်ဖို့ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန အနေနဲ့ ယူနက်စကိုနဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။MRTV4 NEWS

No comments:

Post a Comment