Showing posts with label သတင်း. Show all posts

Monday 11 June 2012
Sunday 10 June 2012
မလေးရှားနိင်ငံ ပီနန်းမြို့  နာဂါဆာရီ ရက်ကွက်မှာ မြန်မာတစ်ယောက် အသတ်ခံရ
မလေးရှာနိုင်ငံ ပီနန်းမြို့  နာဂါဆာရီရပ်ကွက်မှာ မြန်မာတစ်ယောက်အသတ်ခံရပါတယ် ။
ယနေ့ ည ၁၀နာရီလောက်မှာ ဖြစ်ပါတယ် ။ဖြစ်ပွားပုံကို ရသလောက် ဆက်ေ၇းပြီး တင်
ပေးပါ့မယ် ။ကျနော်တို့ ရပ်ကွက်ထဲမှာ ရဲကားတွေ နဲ့ ဆေးရုံကားတွေေ၇ာက်လာကြပါတယ် ။
လူသေလောင်းရှိရာ ပတ်ဝန်းကျင်ကိုရဲများက ကာရံထားလိုက် ပြီး စုံစမ်းမေးမှာမှုတွေ လုပ်
ဆောင်လျှက်ရှိနေပါတယ် ။

Thursday 7 June 2012
ချစ်သူကို မီးရှို့သတ်သူ လူသတ်တရားခံ လွင်ဦးရဲ့ ဘ၀အကြောင်း
လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။
တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။

Wednesday 6 June 2012
နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်
(သစ်ထူးလွင်)
အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ် |
Monday 4 June 2012
အော်ပရာစီ ကိုအကြောင်းပြပြီး မလေးရှား ရဲများရဲ့ လူမဆန်သော လုပ်ရပ်တစ်ခု ဖြစ်ပွားခဲ့
ယနေ့နံနက်
၂ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပုန်း မြို့နယ် ပလတ်စတစ်
စက်ရုံရှိ မြန်မာလုပ်သားများ ကြုံတွေ့ရတဲ့ အဖြစ်အပျက်များကို မလေးရှားရောက်
မြန်မာအားလုံး သိရှိ သတိထားနိုင်စေရန် ကျွန်တော်တို့ချက်ချင်း ဤဘလော့ဖြင့်
အသိပေးလိုက်ပါတယ် ။
ယနေ့ ၁၉.၅.၂၀၁၂ နံနက် ၂ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၊ ကပုန်း မြို့နယ် တွင် တည်ရှိသော
BINA Plastic Factory
BINA F5 , Kampung Baru , Taming Jaya , Kapong .
ပလတ်စတစ်ပိုက်စက်ရုံသို့ အော်ပရာစီ ကိုအကြောင်းပြပြီး မလေးရှား ရဲများရဲ့ လူမဆန်သော လုပ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

Saturday 2 June 2012
မြန်မာနိုင်ငံ အလုပ်လက်မဲ့ပြဿနာ အရေးကြီးပုံ ဒေါ်စု ထောက်ပြ
By ကိုကျော်ကျော်သိန်း(VOA မြန်မာပိုင်း)
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံက
လူငယ်တွေအကြား အလုပ်လက်မဲ့အရေအတွက် အလွန်အမင်း များနေတဲ့ ပြဿနာဟာ
ချိန်ကိုက်ဗုံးတလုံးလို ဖြစ်လာနေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့မှာကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အရှေ့အာရှ ဒေသဆိုင်ရာ
ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခု အတွင်း
ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။
Subscribe to:
Posts (Atom)