Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday 24 August 2012

ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေ



ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Maplecroft သုတေသနဌာနက သတိပေးလိုက်ပါတယ်။

Wednesday 8 August 2012

ကချင်ပြည်နယ်မှာတရားမဝင်တရုပ်လူမျိုးတွေ ထောင်နဲ့ချီ အခြေချနေပြီလို့ လူဝင်မှု အရာရှိပြောဆို


ကချင်ပြည်နယ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်အခြေချနေထိုင်သူ အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး၊ အခုဆိုရင် တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ ထောင်နဲ့ချီရှိ နေပြီလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်း နယ်မြေမလုံခြုံ
မှုကြောင့် တရားမ၀င်ခိုးဝင်နေထိုင်သူတွေကို ကြပ်ကြပ် မတ်မတ်ဖော်ထုတ် စစ်ဆေးအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် အနီးစပ်ဆုံးသာ ခန့်မှန်းပြောဆိုရတာ ဖြစ်တယ်လို့ အဲ့ဒီဋ္ဌာနရဲ့ညွန်ကြားရေးမှူး ဦးကြည်လင်က အခုလ (၄) ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနအနေနဲ့ ၁၉၈၅ ခုနှစ်ကနေစပြီး နိုင်ငံခြားသား တရားမ၀င် ဝင်ရောက်မှု ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တရုတ်နိုင်ငံကနေ ကချင်ပြည်နယ်အတွင်း နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မန်ဝိန်း စတဲ့ နယ်စပ်ဂိတ်တွေက တရားမဝင် ဝင်ရောက်လာသူတွေကိုစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ယခုနှစ်ဇန်နဝါရီ ၁ရက်ကနေဇူလိုင် ၃၁ရက်နေ့အထိနယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၁ဝ ဦးကို ပြည်နှင်ဒါဏ်ပေးခဲ့ ပြီး ကျန် ၄ ယောက်ကိုတော့ တရားရုံးတင်စစ်ဆေး နေဆဲ ဖြစ်ကြောင်းသိရပါတယ်။

အသက် ၁၆ နှစ်ပြည့်ပြီး သူတိုင်း စက်စွမ်းအား ၁၁၀ စီစီနှင့် အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်ရမည်


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုန်ပြန်ချက်များ အရ အသက် ၁၆ နှစ်ပြည့်ပြီး သူများဟာ စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့်
လိုင်စင်များ ရယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ က.ည.န ရုံးများမှာ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အသက် ၁၆ နှစ်ပြည့်ပြီး စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် ရယူလို သူများဟာ သတ်မှတ် ယာဉ်မောင်း သင်တန်းများ တက်ရောက်ကာ အမောင်းသင် လိုင်စင် ရယူပြီး စစ်ဆေးမှုများ ဖြေဆိုအောင်မြင် ပါက ဆိုင်ကယ် မောင်းနှင်ခွင့် အတွက် လိုင်စင်ထုတ် ပေးမှာ ဖြစ်ပါတယ်။

ဒီလို အသက် ၁၆ နှစ်ပြည့်သူများ အတွက် ထုတ်ပေး သွားမယ့် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင် တွေဟာ အသက် ၁၈ နှစ်ကျော်တဲ့ အခါ မှာတော့ စက်စွမ်းအား ၁၁၀ စီစီအထက် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်နဲ့ လဲလှယ်ခွင့် ရှိတယ်လို့ သိရပါတယ်။ အရင်က ယာဉ်မောင်း လိုင်စင်ရရှိဖို့ အတွက် စတင် သင်ကြား မောင်းနှင်ဖို့ ကနဦး ရယူရတဲ့ အမောင်းသင် လိုင်စင်ကို အသက် ၁၇ နှစ်ပြည့်ပြီးမှ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဆိုင်ကယ်ကို မြို့ပြနဲ့ ကျေးရွာ အနှံ့အပြားမှာ တွင်ကျယ်စွာ အသုံးပြု လာတာကြောင့် အခုလို ဆောင်ရွက် ပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday 31 July 2012

Central Bank of Myanmar (CBM) Reference Foreign Exchange Rates

1USD = 875.00 MMK

1EUR = 1073.00 MMK

1GBP = 1374.60 MMK

1SGD = 701.85 MMK

1MYR = 277.91 MMK


Saturday 14 July 2012

အသက် ၁၃ နှစ်ပြည့် ကလေးများ အလုပ်လုပ် လိုပါက တရားဝင် ဆေးစစ် ချက်ရှိမှ အလုပ် လုပ်ကိုင်ခွင့် ပေးမည်

အသက် ၁၃ နှစ်ပြည့်ပြီး ပြီဖြစ်တဲ့ ကလေးငယ်များ အလုပ် လုပ်ကိုင် လိုပါက သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ရဲ့ ဆေးစစ်ချက် ရရှိပြီးမှသာ အလုပ် လုပ်ကိုင်ခွင့်
ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ သိရပါတယ်။ အခုလို ဆေးစစ်ချက် ပါရှိပြီးမှသာ အလုပ်မှ တာဝန်ရှိသူက ခန့်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်နေတဲ့ အထဲမှာ အသက် ၁၃ နှစ်ပြည့်ပြီး ဆေးစစ်ချက် ပြုလုပ်ထားခြင်းမျိုး မရှိတဲ့ ကလေး လုပ်သား ရှိ၊ မရှိကိုလည်း ခန့်ထားတဲ့ တာဝန်ရှိသူမှ စစ်ဆေးမှုကို ပြုလုပ် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Sunday 8 July 2012

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အား တင်သွင်းနိုင်ရန် စီစဉ်

ယဉ်ကျေးမှု ၀န်ကြီး ဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိရာမှာ ယဉ်ကျေးမှု ၀န်ကြီးဌာန အနေနဲ့ ရှေးဟောင်း စေတီ၊ ပုထိုး၊ ဂူကျောင်း စတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀-၁၀၀၀ ခန့်က နံရံဆေးရေး ပန်းချီများ၊ အင်္ဂတေပန်း စတဲ့ အနုလက်ရာများ တည်ရှိနေတဲ့ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်း နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။

Saturday 7 July 2012

ဦးစားပေးတိုက်ဖျက်ဆဲ တီဘီ

Photo

တီဘီရောဂါသည် မြန်မာနိုင်ငံအတွက်ပြည်သူ့ကျန်းမာရေးပြဿ နာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အဓိက  ဦးစားပေးတိုက်ဖျက်ဆဲဖြစ်သည့်ရောဂါတစ်ခုလည်း  ဖြစ်သည်။
ကမ္ဘာ့တီဘီအဖြစ်အများဆုံး ၂၁ နိုင်ငံ၊ ဆေးယဉ်တီဘီရောဂါ အဖြစ်အများဆုံး ၂၇ နိုင်ငံ၊ TB/HIV အဖြစ်အများဆုံး ၄၁ နိုင်ငံ များတွင် ပါဝင်သည့်မြန်မာနိုင်ငံ သည်လွန်ခဲ့သော နှစ်သုံးဆယ် ခန့်နှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်း ကျဆင်းလာသော်လည်း ယခုအ ချိန်၌  လူ ၁၀၀၀ တွင် သုံးဦးမှ လေးဦးအထိ တီဘီရောဂါဖြစ်ပွားနေ ဆဲဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။

Friday 6 July 2012

မြိတ်ကျွန်းစုဒေသမှာ ခရီးသွားဆွဲဆောင်မှု ဖြစ်နေ။ ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိ


ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းဖြစ်သော TF1 သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ လာရောက် ကာ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ရိုက်ကူးလိုကြောင်း၊ အထူးသဖြင့် မြိတ် ကျွန်းစုဒေသကိုရိုက်ကူးထုတ်လွှင့်လို ကြောင်းဆွေးနွေးခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာနမှ သိရှိရသည်။TF1 ရုပ်သံလိုင်းသည် နောင်တွင် အခွင့်အလမ်း ပေါ်ပေါက်ပါက မြန်မာနိုင်ငံ၏ အခြားသော စိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသများ၊ ပုဂံ၊ အင်းလေးကန် စသည့်ဒေသများကိုပါ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သိရသည်။ရိုက်ကူးထားသော မှတ်တမ်းခွေများကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ အခမဲ့သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း လာရောက်ဆွေးနွေးသည့် အဆိုပါ ရုပ်သံလိုင်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုလည်း သိရှိရသည်။မြန်မာနိုင်ငံသို့ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် သင့်တော်သော အချိန်ကာလကို ရွေးချယ်စေလိုပြီး ရိုက်ကူးရေးကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို သေချာစွာလေ့လာ၍ ဆောင်ရွက်စေ လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးဌေးအောင်က ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်း TF1 သည် ဥရောပရုပ်သံလိုင်းများ အနက် နံပါတ်(၁)နေရာတွင် ရှိနေကာ အပတ်စဉ်ကြည့်ရှုသူပေါင်း ခုနစ်သန်းမှ ရှစ်သန်းခန့်ရှိနေသည် ဟု အဆိုပါ ရုပ်သံလိုင်းမှ ရှင်းလင်းမှုများတွင် ပါရှိသည်။TF1သည် လွန်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စသည့်အရှေ့ တောင်အာရှနိုင်ငံများနှင့် လက်တင် အမေရိကနိုင်ငံများတွင် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
ယခု လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိနေသည့် မြိတ်ကျွန်းစု ဒေသသည် မြန်မာနိုင်ငံတောင်ပိုင်း တွင် တည်ရှိသော နာမည်ကျော်ခရီး သွားဒေသဖြစ်ကာ ကျွန်းပေါင်း ၈၀၀ ကျော်နှင့်ဖွဲ့စည်းထားခြင်း၊ မ ပျက်စီးသေးသော သဘာဝအလှအပများကို တွေ့မြင်နိုင်ခြင်း၊ ပင်လယ် ရေအောက်သဘာဝကို လေ့လာနိုင်ခြင်း၊ ဆလုံတိုင်းရင်းသားများ၏ လူနေမှုဘ၀ကို လေ့လာနိုင်ခြင်းစသော အချက်များသည် မြိတ်ကျွန်းစုဒေသ ၏ ခရီးသွားဆွဲဆောင်မှု ဖြစ်နေသည်ဟု သိရှိရသည်။
Ref:EMG

Monday 2 July 2012

နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေ များတွင် ပါဝင် ပြဋ္ဌာန်း နိုင်ရေး စာတမ်းဖတ်ပွဲ ကျင်းပခဲ့

အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ရဲ့ နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေများမှာ ပါဝင်ပြဋ္ဌာန်း နိုင်ရေး အတွက် စာတမ်း ဖတ်ပွဲကို ဇူလိုင်လ
၁ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ ခန်းမမှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရတာ ကတော့ နိုင်ငံတကာ နည်းတူ အလုပ်သမား ဥပဒေ တွေကို ပိုမိုကျယ်ပြန့် လာအောင် ပြုလုပ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲကိုတော့ Purple Equity Law Firm နဲ့ တိုင်ရီ ဖိနပ်စက်ရုံမှ အခြေခံ အလုပ်သမား အဖွဲ့အစည်း တို့က ပူးပေါင်းပြီး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲမှာ နိုင်ငံတကာရှိ ဥပဒေများနဲ့ ပြည်တွင်းရှိ ဥပဒေများကို နှိုင်းယှဉ် ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို ဆွေးနွေးရာမှာ  အလုပ်သမားနဲ့ လယ်သမား အရေးတို့ အတွက် အဓိကထားပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ Purple Equity Law Firm မှာဆိုရင် အလုပ်သမား တွေနဲ့ အဓိက ပတ်သက်တဲ့ ဥပဒေ ရေးရာတွေကို လုပ်ဆောင် ပေးနေတာ ဖြစ်ပြီး လယ်သမား ကိစ္စရေးရာတွေ ပေါ်ပေါက် လာတဲ့ အပေါ်မှာလည်း အချို့ ကိစ္စရပ်တွေကို အခကြေးငွေ မယူဘဲ ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။MRTV4 NEWS

မြန်မာနိုင်ငံ၏ အကြီးဆုံးဟံသာဝတီ(ပဲခူး)လေဆိပ် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အားမြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လာမည့်နှစ်များ၌ ခရီးသည်ဝင်ရောက်မှုမှာရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းဖြင့်
လုံလောက်မှု မရှိနိုင်ခြင်းကြောင့် အဆိုပါလေဆိပ်ကို တည်ဆောက်ရခြင်းဖြစ်သည်။
လေဆိပ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အပြီးတည်ဆောက်သွားမည်သည်။
ဟံသာဝတီလေဆိပ် ဆောက်လုပ်ပြီးစီးလျှင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယခင်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်းလေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးတင်နိုင်ထွန်းက ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း ကို ၁၉၉၀ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်
စီမံကိန်းစတင်နိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Saturday 30 June 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။
ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။
Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ၀တ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။

Wednesday 27 June 2012

ကိုယ်ဝန်ရှိ အလုပ်သမများကို ပြန်ပို့မည့် ထိုင်းအစိုးရ ဝေဖန်ခံနေရ

ထိုင်းနိုင်ငံမြောက်ပိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံတရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေသည့် မြန်မာအလုပ်သမားများကို ၂၀၁၀ ပြည့်နှစ်က ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင် ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက် နေသူများက ဝေဖန်နေကြသည်။
အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီ အစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မကြာသေးမီ ရက်ပိုင်း အတွင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာ

Monday 25 June 2012

လုပ်အားခေါင်းပုံဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်

အလုပ်သမားများ၏ လုပ်အားခေါင်းပုံဖြတ်ခံရခြင်းမှ အကာအကွယ်ပေးနိုင်ရန် ယခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေ(မူကြမ်း)တွင် ဦးစားပေးအချက်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအလုပ်သမား များအပေါ် လုပ်အားခေါင်းပုံ ဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ယခုလ ပထမပတ်က ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအစည်းအဝေး၌ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။ “နိုင်ငံတကာနဲ့ညီတဲ့ အနည်းဆုံး အခကြေးငွေ ဖြစ်လာအောင် ဖန်တီးပေးမယ်။ လုပ်အားခေါင်းပုံဖြတ်တဲ့ကိစ္စကို လုံးဝအကာအကွယ် ပေးရမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ “အလုပ်သမားတွေအပေါ်မှာ အလုပ်ရှင်ရဲ့ အဓမ္မလုပ်အား ညှစ်ထုတ်ခိုင်းစေမှုတွေ ရှိနေပါတယ်။ လုပ်အားနဲ့ လုပ်ခမျှတဖို့ လိုပါတယ်။ အခြေခံလစာ တိတိကျကျ သတ်မှတ်ပေးရပါမယ်။ မုန့်ဖိုးတို့၊ ဆုကြေးဆိုတာ အလုပ်သမားကို သက်သက် ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ” ဟု ဆောက်လုပ်ရေး အခြေခံအလုပ်သမားသမဂ္ဂမှ ဦးကိုဆိုင်းက ပြောသည်။ ယခုအခါ မေလကုန်အထိ လုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံပေါင်း ၅၇ ရုံရှိကာ ယင်းမှ အလုပ်သမား ကျား၊ မပေါင်း ၃၆၈၁၀ ရှိနေကြောင်း သိရသည်။ “အလုပ်ရှင်နဲ့ အလုပ်သမားဟာ မိတ်ဖက်အကျိုးတူ စီးပွားဖက်တွေအဖြစ် စဉ်းစားကြပါ။ ဆက်ဆံကြပါ။ နောက်တစ်ခုက ရှင်းရှင်းလင်းလင်းဖြစ်တဲ့ လစာ တွက်ချက် သတ်မှတ်မှုမျိုး ဖြစ်သင့်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ အဆင့်အတန်းကို လက်ခံနိုင်ဖွယ်အဆင့်အထိ ရောက်ရှိရန် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Saturday 16 June 2012

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရ

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရသည်။


ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ ထို့ပြင် ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဟု သတင်းရရှိပါသည်။

အခြေခံအလုပ်သမားတစ်ဦးလျင် အနိမ့်ဆုံးအခြေခံလစာ ၅၆၇၀၀ တပြေးညီသတ်မှတ်မည်

လုပ်ငန်းတူစက်ရုံများ၌ အ ခြေခံအလုပ်သမားတစ်ဦး၏ အ နိမ့်ဆုံး အခြေခံလစာမှာ အချိန် ပိုကြေးမပါဝင်ဘဲ တစ်ဦးလျှင် ၅၆၇၀၀ကျပ် နိုင်ငံတကာစံနှုန်း နှင့်အညီ တစ်ပြေးညီသတ်မှတ်မည် ဖြစ်ကြောင်း အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့် စပ်လျဉ်းသည့် အသိအမြင်တိုးမြှင့်ရေး ဆွေးနွေး ပွဲမှ သိရသည်။
““လုပ်ငန်းတူစက်ရုံတွေရဲ့ အလုပ်သမားအခြေခံလစာက အချိန်ပိုကြေးမပါဘဲ တစ်ဦးကို ၅၆၇၀၀ကျပ် တပြေးညီသတ်မှတ် ဖို့၊သတ်မှတ်စည်းကမ်းချက်တွေကို  နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း    ဖြစ်စေဖို့၊ သက်ဆိုင်ရာအလုပ်သ မားဌာနတွေက လုပ်ငန်းရှင်တွေ ကို လုပ်ငန်းအမျိုးအစားအလိုက်  ညှိနှိုင်းဆောင်ရွက်ဖို့ ဒုဝန်ကြီးက စာထုတ်ထားပါတယ်””ဟု ဦးမြတ်  လင်းတင့် မှပြောသည်။
မြို့တွင်း စက်မှုဇုန် အချို့ကို  စက်ရုံအများစုတွင် လုပ်ခလစာ နည်းပါးလွန်းခြင်း၊ခွင့်ရက်မရခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်သော်  လည်းလျော်ကြေးမရရှိခြင်း၊ယင်း  ကဲ့သို့ဖြစ်ပါက လုပ်ငန်းမှ ခံစားခွင့်  မပေးဘဲ ထုတ်ပယ်ခြင်း စသည့်  အချက်များကြောင့် ဆန်္ဒပြမှုများ  ဖြစ်ပွားခဲ့သည်။
အလုပ်သမားဆက်ဆံရေး  ဦးစီးဌာန လက်ထောက်ညွှန်ကြား  ရေးမှူး ဦးသောင်းစိန်က ““အလုပ် ရှင်က ကိုယ့်စက်ရုံရဲ့ပြဿနာကို နိုင်နိုင်နင်းနင်းဖြေရှင်းနိုင်မယ်ဆို ရင် ပြင်ပ ပယောဂတွေဝင်လာစ  ရာ အကြောင်းမရှိပါဘူး””ဟု သုံး သပ်ပြောသည်။

မလေးရှားတွင်၁၀.၆.၂၀၁၂ နေ့က အသတ်ခံလိုက်ရသော မောင်ထွန်မင်းလတ်ကိုမလေးရှားမှ သူငယ်ချင်များက ရက်လည်ဆွမ်းကျွေးပြုလုပ်ပေး



 ၁၀.၆.၂၀၁၂(တနင်္ဂနွေ) နေ့ တွင် မလေးရှာနိုင်ငံ အတွင် အသတ်ခံလိုက်ရသော မောင်ထွန်းမင်လတ်အား မလေးရှားနိုင်ငံမှ လူငယ်များမှ
၁၇.၆.၂၀၁၂ (တနင်္ဂနွေ)နေ့  တွင် သံဃာတော်များပင့်ဖိတ်ပြီး ရက်လည်ဆွမ်းကျွေးတရား
တော်နာပြုလုပ်ပေးမယ်လို့ သိရပါတယ် ။



 မောင်ထွန်းမင်းလတ်(အသက် ၂၇ နှစ်)မှာ ပအို ၀့် တိုင်းရင်းသာတစ်ယောက်ဖြစ်ပြီး  ပီနန်းမြို့  ပလပ်စတတ် ပစ္စည်းများထုတ်လုပ်သော စက်ရုံတစ်ခုမှာ အလုပ်လုပ်နေသော အလုပ်သမားတစ်ယောက်ဖြစ်ပါတယ် ။မောင်ထွန်းမင်းလတ်သေဆုံးရပုံကို သူငယ်ချင်ကအောက်ပါအတိုင်း
ပြောပြပေးပို့ ခဲ့ ပါတယ် ။

Wednesday 13 June 2012

ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနှင့် စက်မှုဇုန်များ အကောင်အထည်ဖော်မည့် သတင်းများကြောင့် ပဲခူးမြို့တွင် မြေကွက်များ အ၀ယ်လိုက်နေပြီး အမှန်တကယ် ရှိသင့်သည့် နှုန်းထားတန်ဖိုးထက် ကျော်လွန်၍ အရောင်းအ၀ယ်များ ဖြစ်ပေါ်နေ

5114
ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်း လုပ်ဆောင်ရနယခင်က
 ဖောက်လုပ်ထားသည့်
 ပြေးလမ်းမြေနေရာကို တွေ့ရစဉ်
ပဲခူးမြို့၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်မည့်သတင်းနှင့်အတူ စက်မှုဇုန်များ အကောင်အထည်ဖော်မည့်
 သတင်းများကြောင့် ပဲခူးမြို့တွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူများက မြေကွက်များ
 ဆင်း၍၀ယ်လျက်ရှိပြီး ထိုသို့ ၀ယ်ယူနေမှုများကြောင့် ဈေးနှုန်းများ မှာလည်း အမှန်တကယ် ရှိသင့်သည့် နှုန်းထားတန်ဖိုးထက် ကျော်လွန်၍ အရောင်းအ၀ယ် ဖြစ်ပေါ်နေသည်ဟု သိရသည်။
အရောင်းအ၀ယ် ဖြစ်ပေါ်နေသည့်နေရာမှာ လေယာဉ်ကွင်း စီမံကိန်းအနီး ၀န်းကျင်၌ရှိသည့် ဆည်မြောင်းလမ်း၊ မြို့ရှောင်လမ်းတစ်ဝိုက် ရှိ ခြံကွက်များဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကျပ်သိန်းဆယ်ဂဏန်းမှသည် အကွက်အကွင်းနေရာကို လိုက်၍ ကျပ်သိန်း ရာဂဏန်းကျော်သည
်အထိ အရောင်းအ၀ယ် ဖြစ်ပေါ်နေကြောင်း သိရသည်။ ထိုသို့ ၀ယ်ယူသူများတွင် ပြည်တွင်းမှ အိမ်ခြံမြေအပေါ်၌ ရင်း နှီးမြှုပ်နှံလိုသူများသာမက ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာများနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ၏ ငွေကြေးစိုက်ထုတ်ပေးမှုဖြင့် ၀ယ်ယူပေးမှုများပင် ရှိနေကြောင်း သိရသည်။

မလေးရှားသတင်းစာတွင်ဖေါ်ပြသော မြန်မာသတင်း


မလေးရှားနိုင်ငံ တွင် တရုတ်ဘာသာနှင့်ထုတ်ဝေသော တရုတ်သတင်းစားမှ  မြန်မာနိုင်ငံ မှ ရခိုင်တိုင်းရင်းသားတို့ ၏ဆန္တထုတ်ဖေါ် ဆုတောင်းပွဲ သတင်းကို ဖေါ်ပြခဲ့ ကြောင်းတွေ့ ရပါသည် ။

မလေးရှားနိုင်ငံ တရုတ်သတင်းစားမှ မောင်ထွန်းမင်းလတ် အသတ်ခံရမှု သတင်း

မလေးရှားမှ တရုတ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာတွင်   မောင်ထွန်းမင်းလတ်အသတ်ခံရမှုသတင်းအားဖေါ်ပြခဲ့သည်ကို သိရှိရပါသည်။ညကိုးနာရီ အချိန်ခန့်တွင်ဈေးအနီးထိုင်နေသောမြန်မာအလုပ်သမားနှစ်ဦးရှိရာသို့ လူစိမ်းလေးဦး ဆိုင်ကယ်ဖြင့်ေ၇ာက်လာပြီး
သူတို့ သည် ရဲများဖြစ်ကြောင်းနှင့် အလုပ်ရှင်ကိုဖုန်းဆက်စေပြီး ပိုက်ဆံမပေးက ဖမ်းဆီးမည်ဖြစ်ကြောင်း
အလုပ်ရှင်ကိုပြောသည်။ထို့နောက်ဆိုင်ကယ်ဖြင့် အတင်းအကြပ်ခေါ်ဆောင်ရာ တစ်ယောက်မှာခုန်ဆင်း
ထွက်ပြေးလွတ်မြှောက်ပြီး မောင်ထွန်းမင်းလတ်(အသက်၂၇ နှစ်) မှာ အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟုဖေါ်ပြပါရှိပါသည်။
အထက်ပါသတင်းနှင့်ပတ်သတ်ပြီး မလေးရှားနိုင်ငံသား တစ်ချို့ ၏ပြောပြချက်အရ ထိုကဲသို့ သော 
ပြန်ပေးဆွဲမှုများ မကြာခဏ သတင်းစာတွင် ဖတ်ရကြောင်းနှင့် မကြာသေးခင်ကပဲ ဘင်္ဂလာနိုင်ငံသားအလုပ်သမားတစ်ယောက်အား ပြန်ပေးဆွဲပြီး အလုပ်ရှင်ထံမှ ပိုင်ဆံတောင်ယူသွားကြောင်း ကြားသိခဲ့ ရသေးသည်ဟု ကြားသိရပါသည်။နိုင်ငံခြားသားအလုပ်သမားများမှာ နေထိုင်သွားလာစဉ် အသုံးလိုရုံ ငွေကြေးအနည်းငယ်သာ ကိုင်ဆောင်လေ့ရှိပြီး ဓါးပြတိုက် လုယက်ကြရာတွင် အနည်းငယ်လေးသာရနိုင်ကြသဖြင့် ထိုကဲ့သို့  ဂိုဏ်အုပ်စုဖွဲ ပြန်ပေးဆွဲ ခြင်းများ ဖြင့် ကြိုးစားလာကြသည် ဟုထင်ပါသည်။ထို့ကြောင့်  မလေးရှားရှိ မြန်မာနိုင်ငံသားများအား ထိုအဖြစ်မျိုးမှသတိပြုေ၇ှာင်ရှားနိုင်စေရန် သတိပေးလှုံဆော်အပ်ပါသည် ။
                                                                                                                                                     

Tuesday 12 June 2012

အလုပ်သမား အခြေခံလစာ နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ်

အလုပ်သမားကိစ္စ ဆွေးနွေးပွဲ မြင်ကွင်း (သတင်း/ဓာတ်ပုံ - ဧရာဝတီ)
အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၏ အမိန့်ဖြင့် လုပ်ငန်းတူ စက်ရုံများရှိ အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို အချိန်ပိုကြေးမပါဘဲ အနိမ့်ဆုံး တလလျှင် ၅၆၇၀၀ ကျပ်အဖြစ် နိုင်ငံတကာ စံနှုန်းနှင့်အညီ တပြေးညီ ခံစားခွင့်ရှိရန် ယနေ့ ကြေညာလိုက်ကြောင်း သိရသည်။
ယနေ့နေ့လယ် ၁ နာရီက ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံးတွင် ကျင်းပသည့် အဖွဲ့အစည်း ဥပဒေနှင့် စပ်လျဉ်းသည့် အသိအမြင် တိုးမြှင့်ရေး ဆွေးနွေးပွဲတွင် ဒု ဝန်ကြီး၏ အထက်ပါ ကြေညာချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။