Showing posts with label ကျန်းမာေ၇း. Show all posts
Showing posts with label ကျန်းမာေ၇း. Show all posts

Sunday 17 March 2013

သဘာဝဆေးမြီးတိုများနဲ့  အခြားမှတ်သားဖွယ် အလွယ်နည်း လေးများ

ဝက်ခြံပျောက်နည်း

ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကို
အရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကို
လိမ်းပေးပါက သက်ခြံများ ပျောက်ပါသည်။

အရိုးစူးလျှင်ပျောက်နည်း
ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါက
လျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်
တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။

ခြေထောက်ကို သံစူးလျှင် သက်သာနည်း
သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ
၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။
တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။

ဆံပင်မကျွတ်စေသောနည်း
အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါက
ပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များ
ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

Saturday 7 July 2012

ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းများနေဆဲဖြစ်

အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့် ရင်သားကင်ဆာဖြစ်ပွားမှုများပြားနေသကဲ့သို့ သေဆုံးမှုလည်း များပြားနေဆဲဖြစ်ကြောင်း ပါမောက္ခဒေါက်တာမြသိန်းဟန်က ပြောကြားသည်။
ရင်သားကင်ဆာသည် အနောက်နိုင်ငံများတွင်လည်း ဖြစ်ပွားမှုအများဆုံးကင်ဆာရောဂါဖြစ်ပြီး သေဆုံးနှုန်းမှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း မြန်မာနိုင်ငံတွင်ရောဂါအကြောင်း သေချာစွာ မသိကြခြင်း၊ ထိရောက်သော ကုသမှုများအစား တတ်ကျွမ်းမှုမရှိသောသူများဖြင့် ကုသကြခြင်းစသည်တို့ကြောင့် သေဆုံးမှုများပြားနေခြင်းဖြစ် ကြောင်း New Star   ရတနာဆိုင်မှ ပြုလုပ်သည့် ကျန်းမာရေး
ဟောပြောပွဲတွင် ဒေါက်တာမြသိန်းဟန်က ပြောကြားခဲ့သည်။
“ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အသိမှန်ရှိဖို့ အရမ်းအရေးကြီးပါတယ်”

Tuesday 26 June 2012

ကင်ဆာအတွက် သင်္ဘောရွက်


ကင်ဆာအတွက် သင်္ဘောရွက် ( အခုတင်ပြတာကလည်း မရှားသလို ဈေးလည်းမကြီးပါဘူး )
ဆေးမှတ်စုMg Mandalay(facebook)
 စာရေးသူကိုယ်တိုင်လည်းအလုပ်နဲ့ တောတောင်တွေမှာနေထိုင်စဉ်ကလည်း အခုတင်ပြထားသော သင်္ဘောရွက်ကို တောထဲမှာရှာစားခဲ့ပါသည် ။ အစွမ်းထက်ပါသည် ။ (Mg Mandalay )
သင်္ဘောရွက်  သည် ရောဂါမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။

Wednesday 6 June 2012

ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး(ကျနော့်အတွက် :p)



သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ ကြွက်သားတွေထွက်ပြီး ထောင် ထောင်မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။
ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။ အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။ အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်
ဇင်မာမြင့် Ref:Yahoo

Friday 1 June 2012

အင်္ဂလန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကျန်းမာေ၇း ဋ္ဌာနမှ ပေးဝေသော new pregnancy book စာအုပ်ကို ဒေါက်တာမြတ်မြင့်မိုရ် မှ ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည် ။

သန္ဓေဆောင်ကာလ ၀မ်းကြာတိုက်အလွန်

"---ကိုယ်ဝန်ဆောင်ထားချိန်မှာ ရိုးစင်းတဲ့ အပြောင်းအလဲကလေးတွေ လုပ်aပးလိုက်ရင် မွေးလာမယ့် ကလေးမှာ ဆီးချိုဖြစ်နိုင်ခြေ လျော့သွားမယ်---"

ကျွန်ုပ်တို့ဘဝကို ဤသို့ဖြစ်လာစေရန် မည်သည့် အရာက စေစားပါသနည်း။ အချို့သူတို့သည် ဘာကြောင့် စိုးရိမ်သောက များကြပါသနည်း။ အဝလွန်ကြပါသနည်း။ ပန်းနာရင်ကျပ်ဖြစ်ကြပါသနည်း။ အချို့သူတို့သည် ဘာကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်လွယ်ကြပါသနည်း။

သန္ဓေတည်စဉ်က ဆက်ခံရရှိသော မျိုးဗီဇအရ၊ ကလေးငယ်ဘဝတွင် ဖြတ်သန်းတွေ့ထိခဲ့ရသော ပတ်ဝန်းကျင်အရ၊ အတွေ့အကြုံအရ၊ အထူးသဖြင့် ပထမ သုံးနှစ်အရွယ် ဘဝအခြေအနေများအရ လူကြီးဘဝတွင် စားသောက်မှု၊ ကျန်းမာရေးလေ့ ကျင့်ခန်းပြုလုပ်မှုစသော ကျွန်ုပ်တို့ ရွေးချယ်သော ကျင့်သုံးသော လူမှုဘဝပုံစံအရ ကျွန်ုပ်တို့ဘဝ သည် ဖြစ်ပေါ်လာရပေသည်။