http://wikimyanmar.co.cc မှ ကူးယူမှတ်သားပါသည် ။
"ပြည်ထောင်စုသားလူမျိုးများ"
က
ခဂ |
စဆတဒဓနပဗမပြည်ထောင်စုသားလူမျိုးများ
(Redirected from တိုင်းရင်းသား)
ရှေးဟောင်းရာဇ၀င်လာ
ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း
မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား
လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။
(၁) ချင်းလူမျိုး-မြောက်ပိုင်းချင်းများကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊ (၂) ကမိ လူမျိုးနှင့်၊ (၃) မြိုလူမျိုး- ရခိုင်ပြည်မြောက်ပိုင်း၌ နေကြသည်၊ (၄) ကဒူး လူမျိုး- ကသာနှင့်အထက် မြန်မာနိုင်ငံ(မြန်မာပြည်) အထက်ချင်းတွင်းခရိုင် တလျှောက်၌ နေကြသည်၊ (၅) ကချင် လူမျိုး- အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြောက်ဖက် အကျဆုံးသော အရပ်တို့၌ နေကြသည်၊ (၆) မရူ လူမျိုး၊ (၇) လရှီ လူမျိုး၊ (၈) ဇီ လူမျိုး- မြန်မာပြည်နှင့် ရှမ်းပြည်မြောက်ဖက်စွန်း မြစ်ကြီးနားခရိုင်နှင့် အခြားခရိုင် များ၌ နေကြသည်၊ (၉) လီရှော သို့မဟုတ် လိဆော လူမျိုး- သံလွင်တောင်ခြား, ရွှေလီနှင့် ဧရာဝတီအတွင်းရှိ တောင်များ, အထက်မြန်မာပြည်နှင့် ရှမ်းပြည် အရှေ့မြောက်ဖက်စွန်း၌ နေကြ၏၊ (၁၀) လားဟူ သို့မဟုတ် မုဆိုးလူမျိုး၊ (၁၁) နန်း သို့မဟုတ် ရ၀င်းလူမျိုး- ကချင်ပြည်နယ်မြောက်ပိုင်း၌ နေထိုင်ကြသည်၊ (၁၂) ကော သို့မဟုတ် အခ လူမျိုး- ကျိုင်းတုံနှင့်မဲခေါင်နယ် အရှေ့ဖက် နယ်တလျှောက်၌ နေကြသည်၊ (၁၃) ပလောင် လူမျိုး- ရှမ်းပြည်နှင့်မိုးကုတ်နယ်တလျှောက်၌နေကြသည်၊ (၁၄) ရီယန်း လူမျိုး- တောင်ပိုင်းရှမ်းပြည်နယ်၏ အရှေ့မြောက်ဖက်၌နေကြသည်၊ (၁၅) ၀ လူမျိုး- ရှမ်းပြည်နယ်၏ အရှေ့ပိုင်း တရုပ်ပြည်နယ်ခြားအနီး၌နေထိုင်ကြသည်၊ (၁၆) ကရင် လူမျိုး- အောက်ဗမာပြည်၏ အရှေ့ဖက်, တောင်ဖက် ရှမ်းပြည်နယ်၏ အနောက်ဖက်နှင့် တောင်ဖက်တလျှောက်၌ နေထိုင်ကြသည်၊ ၄င်းတို့လည်း မျိုးပြားများစွာရှိသေး၏၊ (၁၇) ပအိုဝ့် သို့မဟုတ် တောင်သူ လူမျိုး- အောက်မြန်မာပြည်သထုံခရိုင်နှင့် တောင်ပိုင်းရှမ်းပြည်နယ် အချို့တွင် နေထိုင်ကြသည်၊ (၁၈) ဆလုံ လူမျိုး- မြိတ်ကျွန်းစု၌နေကြသည်၊ (၁၉) ကယား သို့မဟုတ် ကရင်နီ လူမျိုး- ကယားပြည်နယ်၌နေကြသည်၊ (၂၀) ရှမ်း လူမျိုး၊ (၂၁) မိုင်းသာ လူမျိုး၊ (၂၂) ဒရယ် လူမျိုး၊ (၂၃) ရခိုင် လူမျိုး- ရခိုင်တိုင်းနယ်၌နေကြသည်၊ (၂၄) ဗမာ ၊ (၂၅) ထားဝယ် လူမျိုး- တနင်္သာရီ ကမ်းရိုးတလျှောက်၌နေကြသည်၊ (၂၆) ယောလူမျိုး- ပခုက္ကူခရိုင် အနောက်မြောက်ရှိ ယောနယ် တလျှောက်၊ (၂၇) ဒနု လူမျိုး၊ (၂၈) ကွေ သို့မဟုတ် ယပိန်း, ဇပိန်း လူမျိုး၊ (၂၉) ဖုန် လူမျိုး၊ (၃၀) အင်းသား လူမျိုး၊ (၃၁) တောင်ရိုး လူမျိုး၊ (၃၂) ဒိုင်နက် လူမျိုး၊ (၃၃) ပဒေါင်း လူမျိုး- မြန်မာဆက်များ၊ အများအားဖြင့် ရှမ်းပြည်တောင်တန်းတလျှောက်မှာ နေထိုင်ကြသည်၊ (၃၄) မွန် လူမျိုး၊ (၃၅) ကမု လူမျိုး၊ (၃၆) ယအို လူမျိုး၊ (၃၇) မိအို လူမျိုး၊ (၃၈) ဒနော လူမျိုး- မွန် ခမာဆက် လူမျိုးများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌နေကြသည်၊ (၃၉) နာဂ လူမျိုး-နာဂတောင်တလျှောက်၊ (၄၀) ကုကီ လူမျိုး၊ (၄၁) ကသည်း လူမျိုး၊ (၄၂) ထမန် လူမျိုး- အထက်ချင်းတွင်းနယ် တောင်ရိုး တောင်ကြားတို့၌နေကြသည်၊ (၄၃) ဂျင်းဖေါ သို့မဟုတ် သိန်းဖော လူမျိုး၊ (၄၄) ခမင် လူမျိုး၊ (၄၅) ခနုန် လူမျိုး- ကချင်ပြည်နယ်၌နေကြသည်၊ (၄၆) ခေါင်းတို လူမျိုး- တောင်တန်းနယ်သားများ၊ (၄၇) ပျူလူမျိုး၊ (၄၈) ကမ်းယံ လူမျိုး၊ (၄၉) သက် လူမျိုး- ရှေးဟောင်း မြန်မာလူမျိုးများ။ (၅၀) ကမန်လူမျိုး ၊ ရခိုင်လူမျိုး စုထဲတွင်ပါဝင်သည်။ |
မ cont.ယရလသအ |
No comments:
Post a Comment