Saturday 16 June 2012

အခြေခံအလုပ်သမားတစ်ဦးလျင် အနိမ့်ဆုံးအခြေခံလစာ ၅၆၇၀၀ တပြေးညီသတ်မှတ်မည်

လုပ်ငန်းတူစက်ရုံများ၌ အ ခြေခံအလုပ်သမားတစ်ဦး၏ အ နိမ့်ဆုံး အခြေခံလစာမှာ အချိန် ပိုကြေးမပါဝင်ဘဲ တစ်ဦးလျှင် ၅၆၇၀၀ကျပ် နိုင်ငံတကာစံနှုန်း နှင့်အညီ တစ်ပြေးညီသတ်မှတ်မည် ဖြစ်ကြောင်း အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့် စပ်လျဉ်းသည့် အသိအမြင်တိုးမြှင့်ရေး ဆွေးနွေး ပွဲမှ သိရသည်။
““လုပ်ငန်းတူစက်ရုံတွေရဲ့ အလုပ်သမားအခြေခံလစာက အချိန်ပိုကြေးမပါဘဲ တစ်ဦးကို ၅၆၇၀၀ကျပ် တပြေးညီသတ်မှတ် ဖို့၊သတ်မှတ်စည်းကမ်းချက်တွေကို  နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း    ဖြစ်စေဖို့၊ သက်ဆိုင်ရာအလုပ်သ မားဌာနတွေက လုပ်ငန်းရှင်တွေ ကို လုပ်ငန်းအမျိုးအစားအလိုက်  ညှိနှိုင်းဆောင်ရွက်ဖို့ ဒုဝန်ကြီးက စာထုတ်ထားပါတယ်””ဟု ဦးမြတ်  လင်းတင့် မှပြောသည်။
မြို့တွင်း စက်မှုဇုန် အချို့ကို  စက်ရုံအများစုတွင် လုပ်ခလစာ နည်းပါးလွန်းခြင်း၊ခွင့်ရက်မရခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်သော်  လည်းလျော်ကြေးမရရှိခြင်း၊ယင်း  ကဲ့သို့ဖြစ်ပါက လုပ်ငန်းမှ ခံစားခွင့်  မပေးဘဲ ထုတ်ပယ်ခြင်း စသည့်  အချက်များကြောင့် ဆန်္ဒပြမှုများ  ဖြစ်ပွားခဲ့သည်။
အလုပ်သမားဆက်ဆံရေး  ဦးစီးဌာန လက်ထောက်ညွှန်ကြား  ရေးမှူး ဦးသောင်းစိန်က ““အလုပ် ရှင်က ကိုယ့်စက်ရုံရဲ့ပြဿနာကို နိုင်နိုင်နင်းနင်းဖြေရှင်းနိုင်မယ်ဆို ရင် ပြင်ပ ပယောဂတွေဝင်လာစ  ရာ အကြောင်းမရှိပါဘူး””ဟု သုံး သပ်ပြောသည်။

No comments:

Post a Comment