Monday 2 July 2012

နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေ များတွင် ပါဝင် ပြဋ္ဌာန်း နိုင်ရေး စာတမ်းဖတ်ပွဲ ကျင်းပခဲ့

အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ရဲ့ နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေများမှာ ပါဝင်ပြဋ္ဌာန်း နိုင်ရေး အတွက် စာတမ်း ဖတ်ပွဲကို ဇူလိုင်လ
၁ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ ခန်းမမှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရတာ ကတော့ နိုင်ငံတကာ နည်းတူ အလုပ်သမား ဥပဒေ တွေကို ပိုမိုကျယ်ပြန့် လာအောင် ပြုလုပ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲကိုတော့ Purple Equity Law Firm နဲ့ တိုင်ရီ ဖိနပ်စက်ရုံမှ အခြေခံ အလုပ်သမား အဖွဲ့အစည်း တို့က ပူးပေါင်းပြီး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲမှာ နိုင်ငံတကာရှိ ဥပဒေများနဲ့ ပြည်တွင်းရှိ ဥပဒေများကို နှိုင်းယှဉ် ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို ဆွေးနွေးရာမှာ  အလုပ်သမားနဲ့ လယ်သမား အရေးတို့ အတွက် အဓိကထားပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ Purple Equity Law Firm မှာဆိုရင် အလုပ်သမား တွေနဲ့ အဓိက ပတ်သက်တဲ့ ဥပဒေ ရေးရာတွေကို လုပ်ဆောင် ပေးနေတာ ဖြစ်ပြီး လယ်သမား ကိစ္စရေးရာတွေ ပေါ်ပေါက် လာတဲ့ အပေါ်မှာလည်း အချို့ ကိစ္စရပ်တွေကို အခကြေးငွေ မယူဘဲ ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။MRTV4 NEWS

No comments:

Post a Comment