Saturday 14 July 2012

အသက် ၁၃ နှစ်ပြည့် ကလေးများ အလုပ်လုပ် လိုပါက တရားဝင် ဆေးစစ် ချက်ရှိမှ အလုပ် လုပ်ကိုင်ခွင့် ပေးမည်

အသက် ၁၃ နှစ်ပြည့်ပြီး ပြီဖြစ်တဲ့ ကလေးငယ်များ အလုပ် လုပ်ကိုင် လိုပါက သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ရဲ့ ဆေးစစ်ချက် ရရှိပြီးမှသာ အလုပ် လုပ်ကိုင်ခွင့်
ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ သိရပါတယ်။ အခုလို ဆေးစစ်ချက် ပါရှိပြီးမှသာ အလုပ်မှ တာဝန်ရှိသူက ခန့်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်နေတဲ့ အထဲမှာ အသက် ၁၃ နှစ်ပြည့်ပြီး ဆေးစစ်ချက် ပြုလုပ်ထားခြင်းမျိုး မရှိတဲ့ ကလေး လုပ်သား ရှိ၊ မရှိကိုလည်း ခန့်ထားတဲ့ တာဝန်ရှိသူမှ စစ်ဆေးမှုကို ပြုလုပ် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆေးစစ်ပြီးတဲ့ ကလေးများမှာ လူကြီးကဲ့သို့ လုပ်ကိုင် နိုင်ကြောင်း ဆရာဝန် ထောက်ခံပေး မှသာ အလုပ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အချို့ ကျောင်းတက် ရမယ့် အရွယ် ကလေးများမှာ ကျောင်းမတက်နိုင်ဘဲ အခြေအနေ အရပ်ရပ်ကြောင့် အလုပ်လုပ်ကိုင် ရမှုတွေ ရှိနေတာကြောင့် အခုလို ဆရာဝန်ရဲ့ ခွင့်ပြုချက် ရမှသာ အလုပ် လုပ်ခွင့်ပေးတာ ဖြစ်ပါတယ်။ ဒီလို အလုပ်လုပ်ခွင့် ပေးထားရာ မှာလည်း  အလုပ်ချိန် ၁ တစ်နေ့ကို ၄ နာရီထက် မပိုရဘဲ ညဘက် အလုပ်လုပ်ခြင်းကို ခွင့်မပြု ထားဘူးလို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အလုပ်ချိန်မှာ တစ်နေ့လုံး အနေနဲ့ ၄ နာရီသာ ရှိရမှာ ဖြစ်ပြီး ၄ နာရီ ဆက်တိုက် ခိုင်းခြင်း ကိုလည်း မပြုလုပ်ရဘူးလို့ ဆိုပါတယ်။ ကလေး သူငယ်များ အလုပ် လုပ်ကိုင်နေမှု တွေနဲ့ ပတ်သက်တဲ့ ဥပဒေကို ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေမှာ ပြဋ္ဌာန်း ထားတာ ဖြစ်ပေမယ့်လည်း အဆိုပါ ဥပဒေအတိုင်း လိုက်နာမှု မရှိတဲ့ အလုပ်ရှင်များ ရှိနေသလို၊ ကလေးတွေ ဟာလည်း အကြောင်း အမျိုးမျိုးကြောင့် အလုပ် လုပ်ကိုင် နေမှုတွေ ရှိနေတယ်လို့ ဥပဒေ ပညာရှင် တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။MRTV 4 NEWS

No comments:

Post a Comment