Monday 10 September 2012

Youtube တွင် အလွယ်တကူ Download ယူရန်

မောင်စေတနာဆိုက်မှ ကူးယူမှတ်သားထားပါသည်။
 အဆင့်(၁)
IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။
(dawnload themall ဆိုတာလေးကို ကလစ်ပါက အဆိုပါ စာမျက်နှာသို့ေ၇ာက်ပါမည်)



add to firefox ကို နှိပ်ပါ။ အပေါ်တွင် Allow ဆိုတာလေးကို နှိပ်ပါ။ ခဏစောင့်ပါ။
Install လုပ်ရန်အတွက် Box တစ်ခု ကျလာလိမ့်မည်။ Install Now ကို နှိပ်ပါ။
Firefox ကို restart ချခိုင်းလိမ့်မည်။ restart ကိုနှိပ်လိုက်ပါ။ 
အဆင့်(၂)
ပြီးပါက Firefox ရှိ Tools menu တွင် Add-ons ကိုနှိပ်လိုက်ပါ။
Add-ons Manager tab ပေါ်လာပါလိမ့်မည်။
ညာဘက်ဒေါင့်အပေါ်ရှိ search all add-ons နေရာတွင် youtube video download ဆိုတာကို ရိုက်ထည့်လိုက်ပါ။
ပေါ်လာသည့်အထဲမှ Download Youtube Videos as Mp4 and FLV ကို Install လုပ်ပါ။
ပြီးပါက Firefox ကို restart ချခိုင်းလိမ့်မည်။ ချလိုက်ပါ။

www.youtube.com တွင် နှစ်သက်ရာ ဗီဒီယို ရှာဖွေပါ။ အဆိုပါ ဗီဒီယိုအောက်တွင် Download ဆိုတာ ပေါ်နေပါလိမ့်မည်။ Download လုပ်ပါက Downthemall ဖြင့် Download ယူပါက မြန်ဆန်စွာ ရရှိပါမည်။

No comments:

Post a Comment