Saturday 7 July 2012

ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းများနေဆဲဖြစ်

အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့် ရင်သားကင်ဆာဖြစ်ပွားမှုများပြားနေသကဲ့သို့ သေဆုံးမှုလည်း များပြားနေဆဲဖြစ်ကြောင်း ပါမောက္ခဒေါက်တာမြသိန်းဟန်က ပြောကြားသည်။
ရင်သားကင်ဆာသည် အနောက်နိုင်ငံများတွင်လည်း ဖြစ်ပွားမှုအများဆုံးကင်ဆာရောဂါဖြစ်ပြီး သေဆုံးနှုန်းမှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း မြန်မာနိုင်ငံတွင်ရောဂါအကြောင်း သေချာစွာ မသိကြခြင်း၊ ထိရောက်သော ကုသမှုများအစား တတ်ကျွမ်းမှုမရှိသောသူများဖြင့် ကုသကြခြင်းစသည်တို့ကြောင့် သေဆုံးမှုများပြားနေခြင်းဖြစ် ကြောင်း New Star   ရတနာဆိုင်မှ ပြုလုပ်သည့် ကျန်းမာရေး
ဟောပြောပွဲတွင် ဒေါက်တာမြသိန်းဟန်က ပြောကြားခဲ့သည်။
“ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အသိမှန်ရှိဖို့ အရမ်းအရေးကြီးပါတယ်”


ဟု အဆိုပါဆရာဝန်ကပြောကြားသည်။
အဆိုပါ ကျန်းမာရေးဟောပြောပွဲတွင် မြန်မာနိုင်ငံရှိအမျိုးသမီးများ၌ အဖြစ်အများဆုံးဖြစ်သည့် သားအိမ်ခေါင်း
ကင်ဆာရောဂါအကြောင်းကို ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်က ဟောပြောပြီး ဒုတိယအဖြစ်အများဆုံးဖြစ် သည့် ရင်သားကင်ဆာရောဂါအကြောင်းကို ပါမောက္ခဒေါက်တာမြသိန်းဟန်က ဟောပြောခဲ့သည်။
ထိုကျန်းမာရေးဟောပြောပွဲတွင် ရိုက်ကူးထားချက်များအား ထိုရောဂါများနှင့်ပတ်သက်၍ အများပြည်သူများပါ သိရှိသတိပြုမိစေရန် New Star  ရတနာဆိုင်မှ လူထုထံဖြန့်ဝေပေးမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ရင်သားကင်ဆာရောဂါသည် မည်သည့်အကြောင်းရင်းများကြောင့် ဖြစ်ပွားသည်ကို   သေချာမသိနိုင်သေးသော် လည်း မိမိကိုယ်တိုင် လစဉ်ရင်သားအား  ပုံမှန်စစ်ဆေးခြင်း ဖြင့် ရောဂါပြင်းထန်မှုမဖြစ်မီစောစီးစွာသိရှိနိုင်သည့် ရောဂါတစ်ခုဖြစ်ကြောင်း သိရသည်


No comments:

Post a Comment