Saturday 7 July 2012

ဦးစားပေးတိုက်ဖျက်ဆဲ တီဘီ

Photo

တီဘီရောဂါသည် မြန်မာနိုင်ငံအတွက်ပြည်သူ့ကျန်းမာရေးပြဿ နာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အဓိက  ဦးစားပေးတိုက်ဖျက်ဆဲဖြစ်သည့်ရောဂါတစ်ခုလည်း  ဖြစ်သည်။
ကမ္ဘာ့တီဘီအဖြစ်အများဆုံး ၂၁ နိုင်ငံ၊ ဆေးယဉ်တီဘီရောဂါ အဖြစ်အများဆုံး ၂၇ နိုင်ငံ၊ TB/HIV အဖြစ်အများဆုံး ၄၁ နိုင်ငံ များတွင် ပါဝင်သည့်မြန်မာနိုင်ငံ သည်လွန်ခဲ့သော နှစ်သုံးဆယ် ခန့်နှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်း ကျဆင်းလာသော်လည်း ယခုအ ချိန်၌  လူ ၁၀၀၀ တွင် သုံးဦးမှ လေးဦးအထိ တီဘီရောဂါဖြစ်ပွားနေ ဆဲဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။


ပြုလုပ်ထားသည့် စစ်တမ်းများအရ လူတစ်ယောက်သည် တီဘီရောဂါလက္ခဏာစတင်ခံစား ရသည်နှင့် ချက်ချင်းရောဂါစစ် ဆေးခြင်းမရှိဘဲ များသောအားဖြင့်တစ်လမှလေးလခန့်ကြာမြင့်မှသာဆေးကုသမှု ခံယူကြခြင်း၊ ပိုဆိုးသည့်သူများတွင် ခြောက်လမှ တစ်နှစ်ခန့်ကြာမှသာ ဆေးကုသခံယူကြခြင်းတို့ရှိပြီး ထိုဖြစ်စဉ်များသည် ရောဂါ ပိုမိုဆိုရွားစေပြီး မလိုအပ်ဘဲအသက်သေဆုံးမှုများဖြစ်ပွား စေနိုင်ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှမြင့်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ဆေးကုသမှုမခံယူထားတဲ့အတွက် တခြားသူတစ်ဦးကိုကူးစက်တယ်။ တစ်နှစ်မှာ ၁၀ ယောက် လောက်ကိုပြန့်နေရင်လုပ်နေတဲ့ တီဘီပရိုဂရမ်တွေက ဘယ်လိုမှ  အောင်မြင်နိုင်မှာ မဟုတ်ဘူး”ဟု ဒေါက်တာလှမြင့်ကဆက်လက် ပြောသည်။
တီဘီရောဂါကူးစက်မှုနည်းပါးစေရန် ဆောင်ရွက်ကြသည့်အခါကျန်းမာရေးစောင့်ရှောက်မှုပေး သည့်နေရာများသို့ရောက်ရှိလာသည့်လူနာများအား ပျောက်ကင်းရန်နှင့် အခြားသူများထံ မကူးစက် ရန်ပညာပေးမှုများအပြင် ရောဂါသံသယရှိသည့် လူနာများအားတွေ့ရှိရန်မှာလည်း အရေးကြီး သည့်အချက်ဖြစ်ကြောင်း သိရသည်။
 ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိလာသူများအား ဆေးဝါးကုသမှုဖြင့် မကူးစက်စေရန်ဆောင် ရွက်နိုင်သော်လည်း ဆေးကုသရန် ရောက်မလာသူများမှ ရောဂါဖြန့်ဝေမှုများကြောင့် ကူးစက်မှုများ မ ထိန်းနိုင်ဖြစ်နေခြင်းသည်လည်း တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် အခက်အခဲများ ဖြစ်ကြောင်းသိရသည်။
ပြုလုပ်ထားသည့် စာရင်းများအရ ကျန်းမာရေးဝန်ကြီးဌာနသို့ရောက်ရှိလာသည့် လူနာများ သည်သံသယရှိလူနာများ၏ ၄၀ ရာခိုင်နှုန်းခန့်သာရှိပြီးကျန် ၆၀ ရာခိုင်နှုန်းသော လူနာများမှာ ဆေးကုသမှုရှိဘဲ လူထုအတွင်းရှိနေ၍ ထိုသူများမှ အခြားသူများထံ  ရောဂါပြန့်ပွားနိုင်သည့်အတွက် ထိုသူများအား ဆေးကုသမှု
ပေးနိုင်ခြင်းသည်  အရေးကြီးသည့်  အကြောင်းအရာတစ်ခုဖြစ် ကြောင်းအမျိုးသားတီဘီရောဂါ
တိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က  ပြောကြားသည်။
“လူဦးရေတစ်သိန်းမှာ လူနာသစ် ၄၀၀ ကျော်ရှိတယ်။ မြန်မာနိုင်ငံမှာ  တီဘီလူနာ သုံးသိန်းခွဲရှိပေမယ့် ကျန်းမာရေးဌာနကို ရောက်လာတာ  တစ်သိန်းလေးသောင်းလောက်ပဲရှိတယ်”ဟုဒေါက်တာလှမြင့်က ပြောသည်။
တီဘီရောဂါဖြစ်ပွားနေသည်ဟု  သိရှိသည့် လူတစ်ဦးထံမှ ရောဂါကူးစက်ခံရမည်အား ကြောက်ရွံ့မှုများရှိသော်လည်း ရောဂါရှိပြီး ကုသမှုမရှိသည့်အတွက် တီဘီရောဂါ  ဖြစ်ပွားနေသည့်
လူတစ်ဦးမှ မိမိသို့ ရောဂါကူးစက်ရန်အခွင့်အလမ်းပိုများကြောင်းကို မူသိရှိမှုနည်းပါးကြသေးသည်။
တီဘီရောဂါဖြစ်ပွားနေသူသည် မှန်ကန်တိကျသော ဆေးဝါးကုသမှုရရှိနေပါက အများစုသည် နှစ်ပတ်မှနှစ်လအတွင်း သလိပ်ထဲ    ပိုးပါဝင်မှုမရှိတော့သည့်အခါ အခြားသူတစ်ဦးကို ရောဂါကူးစက်ခြင်းမရှိနိုင်တော့သဖြင့်  ရောဂါကူးစက်ခံရမည်ကို စိုးရိမ်စရာ မလိုကြောင်း  သိရသည်။ တီဘီရောဂါကူးစက်မှုနည်းပါးစေရန်အတွက် တီဘီရောဂါသံသယရှိလူနာများပါ ဆေးရုံ၊ ဆေးခန်းသို့ ရောက်ရှိလာပြီး ဆေးကု သမှုခံယူနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက စီမံဆောင်ရွက် နေပြီး ဆေးဝါးအခမဲ့ ရရှိနိုင်သည့် နေရာများလည်း ထပ်မံတိုးချဲ့ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ တီဘီတာဝန်ခံဒေါက်တာဒေါ်တင်မိမိခိုင်က ပြောကြားသည်။
“တီဘီတိုက်ဖျက်ရေး လုပ်ငန်းတွေလုပ်တဲ့အခါ ကျန်းမာရေး ဌာနတွေဘက်ကလည်း လူနာတွေ မလာတာ ၀န်ထမ်းတွေဆက်ဆံ ရေးမကောင်းလို့လား၊ ရုံးချိန်တွေပဲဖွင့်တာဖြစ်တဲ့အတွက်လာဖို့အဆင်မပြေလို့လား ဆိုတဲ့အချက်တွေကိုပြန်သုံးသပ်ရမှာပေါ့။ အဲဒါတွေ မဖော်ထုတ်နိုင်ရင်တော့ တီဘီရောဂါရှင်မလာဘဲ တခြားသူတွေ ကိုပျံ့နှံနေဦးမှာပဲ။   ဆေးဝယ်သောက်တာကနေ ရောဂါပျောက်သွားတဲ့အထိ မသောက်နိုင်ဘဲ ဆေး ပြတ်သွားတာကနေ ဆေးယဉ်တီ ဘီတွေဖြစ်နေဦးမှာပဲ” ဟုဒေါက်တာဒေါ်တင်မိမိခိုင်က ပြောသည်။
ငွေကြေးတတ်နိုင်သူများအနေဖြင့် အပြင်ဆေးခန်းများတွင် ကုသမှုများရှိသော်လည်း အချို့သူ များမှာ ဆေးဝါးများကို  အခမဲ့ရယူနိုင်ကြောင်း မသိရှိကြသည့်အ တွက်ပြင်ပတွင် ဆေးဝယ်သောက် ရခြင်းဖြစ်ကြောင်း သိရသည်။
“တချို့ဆရာဝန်တွေက အဲဒီ သတင်းအချက်အလက်ကို မပြော တာတွေလည်းရှိတယ်။ အပြင်မှာ ၀ယ်သောက်ရင် ခဏတာ ပြဿနာမရှိပေမယ့် တီဘီဆေးက အချိန် ကြာသောက်ရတာဖြစ်တဲ့အပြင် ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး ဆေးအပြောင်းအလဲရှိသလို သောက်တဲ့ အချိန်လည်း ကွာခြားချက်ရှိတယ်” ဟုဒေါက်တာလှမြင့်က ပြောသည်။
နှစ်စဉ်မတ်လ ၂၄ ရက်ကို ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေး နေ့အဖြစ်    သတ်မှတ်ထားပြီး ထောင်စုနှစ်ရည်မှန်းချက်အဖြစ်တီဘီရောဂါအား ၂၀၁၅ ခုနှစ်တွင်၁၉၉၀ ခုနှစ် တီဘီရောဂါလူဦးရေ ထက် ထက်ဝက် လျှော့ချစေနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
တီဘီရောဂါဖြစ်ပွားမှုများပြားသည့် နိုင်ငံများတွင်နေထိုင် သူများ၌  သုံးဦးတွင်တစ်ဦးမှာတီဘီ ရောဂါပိုးဝင်ထားပြီးသူများဖြစ်ပြီး ၀င်ရောက်ထားသည့် လက္ခဏာမပြသော်လည်း ခုခံအား ကျဆင်းနေသည့်အချိန်များ၊ ဆေးဝါးတစ်ခုခုသောက်သုံးရသည့်အ ချိန်များ၊ အအိပ်အစားမမှန်သည့် အချိန်များတွင် ရောဂါအဖြစ် ကူးပြောင်းသွားလေ့ရှိကြောင်း  အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆ ရာဝန် ပါမောက္ခဦးဝင်းနိုင်က နိုင်ငံပိုင်သတင်းစာများတွင် ပညာပေးဆောင်းပါးဖြင့် ဖော်ပြခဲ့သည်။
ရောဂါပိုးဝင်ရောက်ခြင်းမှ တစ်ဆင့် တီဘီရောဂါအဖြစ်ပြောင်းလဲခြင်းသည် အသက်ကြီးလာလေ လေ၊ ကိုယ်ခံအားနည်းလာလေ လေပိုမိုလျင်မြန်စွာပြောင်းလဲနိုင်သဖြင့် တီဘီရောဂါမဖြစ်ပွားစေ ရန် ကိုယ်ခံအားကျဆင်းစေမည့် အမူအကျင့်များကို ဆင်ခြင်သင့်ကြောင်းသိရသည်။
ချောင်းဆိုခြင်း နှစ်ပတ်ကျော်လာလျှင် တီဘီရောဂါရှိ၊ မရှိအား သလိပ်စစ်ဆေးသင့်ပြီ တီဘီရော ဂါပိုးသည် လူဦးရေ သုံးပုံတစ်ပုံတွင် ၀င်ထားပြီးဖြစ် ၍ အခြားစစ် ဆေးမှုများ၊ အခြားရောဂါလက္ခဏာ များကြောင့် တီဘီရောဂါအဖြစ် သံသယရှိလာလျှင် တီဘီဆေး သည်ပေးသင့်၊ ပေးထိုက်သော ကုထုံးဖြစ်ကြောင်းလည်း ဒေါက်တာဝင်းနိုင်က ရေးသားထားသည်။
တီဘီရောဂါအဖြစ် သံသယ ရှိပါက   ဆေးဝါးများကို  အခမဲ့ရရှိနိုင်သည့်အတွက် စောစီးစွာကုသခြင်းဖြင့် အခြားသူများထံသို့ ကူးစက်ခြင်းမှ ကာကွယ်နိုင်သည့် အပြင်ရောဂါဆိုးသွားသည့်အတွက်အသက်အန္တရာယ် ထိခိုက် စေခြင်းကို   ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
7DAYS NEWS

No comments:

Post a Comment