Friday, 26 April 2013

နိုင်ငံခြားရုပ်ရှင်ဆိုက်လေး သဘောကျလို့ သိမ်းထားတာပါ

နိုင်ငံခြားရုပ်ရှင် တွေကြည့်ဖို့  အနှစ်သက်ဆုံးဆိုက်လေးပါ ။နာမည်အလိုက်ရှာဖွေနိုင်သလို ဇာတ်ကားအမည် အက္ခရာစဉ်အလိုက်ထည့်ပေးထားပြီး နောက်ဆုံးထွက်ဇာတ်ကားများထိ 
ရှိပါတယ်။ ဆိုဒ်လင့်ကတော့ http://viooz.co/ ဖြစ်ပြီး movies စာမျက်နှာမှာ သွားကြည့်ရမှာပါ။
http://viooz.co/movies

Sunday, 21 April 2013

ဆလုံ


ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

Sunday, 17 March 2013

သဘာဝဆေးမြီးတိုများနဲ့  အခြားမှတ်သားဖွယ် အလွယ်နည်း လေးများ

ဝက်ခြံပျောက်နည်း

ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကို
အရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကို
လိမ်းပေးပါက သက်ခြံများ ပျောက်ပါသည်။

အရိုးစူးလျှင်ပျောက်နည်း
ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါက
လျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်
တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။

ခြေထောက်ကို သံစူးလျှင် သက်သာနည်း
သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ
၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။
တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။

ဆံပင်မကျွတ်စေသောနည်း
အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါက
ပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များ
ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

Monday, 10 September 2012

Youtube တွင် အလွယ်တကူ Download ယူရန်

မောင်စေတနာဆိုက်မှ ကူးယူမှတ်သားထားပါသည်။
 အဆင့်(၁)
IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။
(dawnload themall ဆိုတာလေးကို ကလစ်ပါက အဆိုပါ စာမျက်နှာသို့ေ၇ာက်ပါမည်)


Friday, 24 August 2012

ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေ



ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Maplecroft သုတေသနဌာနက သတိပေးလိုက်ပါတယ်။

Sunday, 12 August 2012

skype မှာ မြန်မာဖေါင့် နဲ့ မြင်နိုင်စာရီုက်နိုင်ဖို့ အတွက်

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်မသိသေးတဲ့ သူတွေအတွက် ကိုခင်မောင်လွင်ဆိုက်လေးမှာ တွေ့ လို့ ကုယူဖေါ်ပြလိုက်ပါတယ်..မူရင်းလင့်ကတော့

http://khinmaunglwinkk.blogspot.com/2012/04/skype.html

ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

ကြိုက်လို့တင်ထားပါတယ်...မန္တလေးသားပါဆိုတဲ့ ဟာသပြဇတ်လေးပါ...ြ

Wednesday, 8 August 2012

ကချင်ပြည်နယ်မှာတရားမဝင်တရုပ်လူမျိုးတွေ ထောင်နဲ့ချီ အခြေချနေပြီလို့ လူဝင်မှု အရာရှိပြောဆို


ကချင်ပြည်နယ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်အခြေချနေထိုင်သူ အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး၊ အခုဆိုရင် တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ ထောင်နဲ့ချီရှိ နေပြီလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်း နယ်မြေမလုံခြုံ
မှုကြောင့် တရားမ၀င်ခိုးဝင်နေထိုင်သူတွေကို ကြပ်ကြပ် မတ်မတ်ဖော်ထုတ် စစ်ဆေးအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် အနီးစပ်ဆုံးသာ ခန့်မှန်းပြောဆိုရတာ ဖြစ်တယ်လို့ အဲ့ဒီဋ္ဌာနရဲ့ညွန်ကြားရေးမှူး ဦးကြည်လင်က အခုလ (၄) ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနအနေနဲ့ ၁၉၈၅ ခုနှစ်ကနေစပြီး နိုင်ငံခြားသား တရားမ၀င် ဝင်ရောက်မှု ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တရုတ်နိုင်ငံကနေ ကချင်ပြည်နယ်အတွင်း နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မန်ဝိန်း စတဲ့ နယ်စပ်ဂိတ်တွေက တရားမဝင် ဝင်ရောက်လာသူတွေကိုစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ယခုနှစ်ဇန်နဝါရီ ၁ရက်ကနေဇူလိုင် ၃၁ရက်နေ့အထိနယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၁ဝ ဦးကို ပြည်နှင်ဒါဏ်ပေးခဲ့ ပြီး ကျန် ၄ ယောက်ကိုတော့ တရားရုံးတင်စစ်ဆေး နေဆဲ ဖြစ်ကြောင်းသိရပါတယ်။

အသက် ၁၆ နှစ်ပြည့်ပြီး သူတိုင်း စက်စွမ်းအား ၁၁၀ စီစီနှင့် အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်ရမည်


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုန်ပြန်ချက်များ အရ အသက် ၁၆ နှစ်ပြည့်ပြီး သူများဟာ စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့်
လိုင်စင်များ ရယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ က.ည.န ရုံးများမှာ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အသက် ၁၆ နှစ်ပြည့်ပြီး စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် ရယူလို သူများဟာ သတ်မှတ် ယာဉ်မောင်း သင်တန်းများ တက်ရောက်ကာ အမောင်းသင် လိုင်စင် ရယူပြီး စစ်ဆေးမှုများ ဖြေဆိုအောင်မြင် ပါက ဆိုင်ကယ် မောင်းနှင်ခွင့် အတွက် လိုင်စင်ထုတ် ပေးမှာ ဖြစ်ပါတယ်။

ဒီလို အသက် ၁၆ နှစ်ပြည့်သူများ အတွက် ထုတ်ပေး သွားမယ့် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင် တွေဟာ အသက် ၁၈ နှစ်ကျော်တဲ့ အခါ မှာတော့ စက်စွမ်းအား ၁၁၀ စီစီအထက် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်နဲ့ လဲလှယ်ခွင့် ရှိတယ်လို့ သိရပါတယ်။ အရင်က ယာဉ်မောင်း လိုင်စင်ရရှိဖို့ အတွက် စတင် သင်ကြား မောင်းနှင်ဖို့ ကနဦး ရယူရတဲ့ အမောင်းသင် လိုင်စင်ကို အသက် ၁၇ နှစ်ပြည့်ပြီးမှ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဆိုင်ကယ်ကို မြို့ပြနဲ့ ကျေးရွာ အနှံ့အပြားမှာ တွင်ကျယ်စွာ အသုံးပြု လာတာကြောင့် အခုလို ဆောင်ရွက် ပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday, 31 July 2012

Central Bank of Myanmar (CBM) Reference Foreign Exchange Rates

1USD = 875.00 MMK

1EUR = 1073.00 MMK

1GBP = 1374.60 MMK

1SGD = 701.85 MMK

1MYR = 277.91 MMK


Saturday, 14 July 2012

အသက် ၁၃ နှစ်ပြည့် ကလေးများ အလုပ်လုပ် လိုပါက တရားဝင် ဆေးစစ် ချက်ရှိမှ အလုပ် လုပ်ကိုင်ခွင့် ပေးမည်

အသက် ၁၃ နှစ်ပြည့်ပြီး ပြီဖြစ်တဲ့ ကလေးငယ်များ အလုပ် လုပ်ကိုင် လိုပါက သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ရဲ့ ဆေးစစ်ချက် ရရှိပြီးမှသာ အလုပ် လုပ်ကိုင်ခွင့်
ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ သိရပါတယ်။ အခုလို ဆေးစစ်ချက် ပါရှိပြီးမှသာ အလုပ်မှ တာဝန်ရှိသူက ခန့်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်နေတဲ့ အထဲမှာ အသက် ၁၃ နှစ်ပြည့်ပြီး ဆေးစစ်ချက် ပြုလုပ်ထားခြင်းမျိုး မရှိတဲ့ ကလေး လုပ်သား ရှိ၊ မရှိကိုလည်း ခန့်ထားတဲ့ တာဝန်ရှိသူမှ စစ်ဆေးမှုကို ပြုလုပ် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Sunday, 8 July 2012

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အား တင်သွင်းနိုင်ရန် စီစဉ်

ယဉ်ကျေးမှု ၀န်ကြီး ဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိရာမှာ ယဉ်ကျေးမှု ၀န်ကြီးဌာန အနေနဲ့ ရှေးဟောင်း စေတီ၊ ပုထိုး၊ ဂူကျောင်း စတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀-၁၀၀၀ ခန့်က နံရံဆေးရေး ပန်းချီများ၊ အင်္ဂတေပန်း စတဲ့ အနုလက်ရာများ တည်ရှိနေတဲ့ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်း နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။

Saturday, 7 July 2012

ဦးစားပေးတိုက်ဖျက်ဆဲ တီဘီ

Photo

တီဘီရောဂါသည် မြန်မာနိုင်ငံအတွက်ပြည်သူ့ကျန်းမာရေးပြဿ နာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အဓိက  ဦးစားပေးတိုက်ဖျက်ဆဲဖြစ်သည့်ရောဂါတစ်ခုလည်း  ဖြစ်သည်။
ကမ္ဘာ့တီဘီအဖြစ်အများဆုံး ၂၁ နိုင်ငံ၊ ဆေးယဉ်တီဘီရောဂါ အဖြစ်အများဆုံး ၂၇ နိုင်ငံ၊ TB/HIV အဖြစ်အများဆုံး ၄၁ နိုင်ငံ များတွင် ပါဝင်သည့်မြန်မာနိုင်ငံ သည်လွန်ခဲ့သော နှစ်သုံးဆယ် ခန့်နှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်း ကျဆင်းလာသော်လည်း ယခုအ ချိန်၌  လူ ၁၀၀၀ တွင် သုံးဦးမှ လေးဦးအထိ တီဘီရောဂါဖြစ်ပွားနေ ဆဲဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။

ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းများနေဆဲဖြစ်

အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့် ရင်သားကင်ဆာဖြစ်ပွားမှုများပြားနေသကဲ့သို့ သေဆုံးမှုလည်း များပြားနေဆဲဖြစ်ကြောင်း ပါမောက္ခဒေါက်တာမြသိန်းဟန်က ပြောကြားသည်။
ရင်သားကင်ဆာသည် အနောက်နိုင်ငံများတွင်လည်း ဖြစ်ပွားမှုအများဆုံးကင်ဆာရောဂါဖြစ်ပြီး သေဆုံးနှုန်းမှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း မြန်မာနိုင်ငံတွင်ရောဂါအကြောင်း သေချာစွာ မသိကြခြင်း၊ ထိရောက်သော ကုသမှုများအစား တတ်ကျွမ်းမှုမရှိသောသူများဖြင့် ကုသကြခြင်းစသည်တို့ကြောင့် သေဆုံးမှုများပြားနေခြင်းဖြစ် ကြောင်း New Star   ရတနာဆိုင်မှ ပြုလုပ်သည့် ကျန်းမာရေး
ဟောပြောပွဲတွင် ဒေါက်တာမြသိန်းဟန်က ပြောကြားခဲ့သည်။
“ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အသိမှန်ရှိဖို့ အရမ်းအရေးကြီးပါတယ်”

Friday, 6 July 2012

မြိတ်ကျွန်းစုဒေသမှာ ခရီးသွားဆွဲဆောင်မှု ဖြစ်နေ။ ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိ


ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းဖြစ်သော TF1 သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ လာရောက် ကာ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ရိုက်ကူးလိုကြောင်း၊ အထူးသဖြင့် မြိတ် ကျွန်းစုဒေသကိုရိုက်ကူးထုတ်လွှင့်လို ကြောင်းဆွေးနွေးခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာနမှ သိရှိရသည်။TF1 ရုပ်သံလိုင်းသည် နောင်တွင် အခွင့်အလမ်း ပေါ်ပေါက်ပါက မြန်မာနိုင်ငံ၏ အခြားသော စိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသများ၊ ပုဂံ၊ အင်းလေးကန် စသည့်ဒေသများကိုပါ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သိရသည်။ရိုက်ကူးထားသော မှတ်တမ်းခွေများကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ အခမဲ့သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း လာရောက်ဆွေးနွေးသည့် အဆိုပါ ရုပ်သံလိုင်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုလည်း သိရှိရသည်။မြန်မာနိုင်ငံသို့ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် သင့်တော်သော အချိန်ကာလကို ရွေးချယ်စေလိုပြီး ရိုက်ကူးရေးကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို သေချာစွာလေ့လာ၍ ဆောင်ရွက်စေ လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးဌေးအောင်က ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်း TF1 သည် ဥရောပရုပ်သံလိုင်းများ အနက် နံပါတ်(၁)နေရာတွင် ရှိနေကာ အပတ်စဉ်ကြည့်ရှုသူပေါင်း ခုနစ်သန်းမှ ရှစ်သန်းခန့်ရှိနေသည် ဟု အဆိုပါ ရုပ်သံလိုင်းမှ ရှင်းလင်းမှုများတွင် ပါရှိသည်။TF1သည် လွန်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စသည့်အရှေ့ တောင်အာရှနိုင်ငံများနှင့် လက်တင် အမေရိကနိုင်ငံများတွင် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
ယခု လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိနေသည့် မြိတ်ကျွန်းစု ဒေသသည် မြန်မာနိုင်ငံတောင်ပိုင်း တွင် တည်ရှိသော နာမည်ကျော်ခရီး သွားဒေသဖြစ်ကာ ကျွန်းပေါင်း ၈၀၀ ကျော်နှင့်ဖွဲ့စည်းထားခြင်း၊ မ ပျက်စီးသေးသော သဘာဝအလှအပများကို တွေ့မြင်နိုင်ခြင်း၊ ပင်လယ် ရေအောက်သဘာဝကို လေ့လာနိုင်ခြင်း၊ ဆလုံတိုင်းရင်းသားများ၏ လူနေမှုဘ၀ကို လေ့လာနိုင်ခြင်းစသော အချက်များသည် မြိတ်ကျွန်းစုဒေသ ၏ ခရီးသွားဆွဲဆောင်မှု ဖြစ်နေသည်ဟု သိရှိရသည်။
Ref:EMG

Monday, 2 July 2012

နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေ များတွင် ပါဝင် ပြဋ္ဌာန်း နိုင်ရေး စာတမ်းဖတ်ပွဲ ကျင်းပခဲ့

အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ရဲ့ နိုင်ငံတကာ ဥပဒေ များအား ပြည်တွင်း ဥပဒေများမှာ ပါဝင်ပြဋ္ဌာန်း နိုင်ရေး အတွက် စာတမ်း ဖတ်ပွဲကို ဇူလိုင်လ
၁ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ ခန်းမမှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရတာ ကတော့ နိုင်ငံတကာ နည်းတူ အလုပ်သမား ဥပဒေ တွေကို ပိုမိုကျယ်ပြန့် လာအောင် ပြုလုပ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲကိုတော့ Purple Equity Law Firm နဲ့ တိုင်ရီ ဖိနပ်စက်ရုံမှ အခြေခံ အလုပ်သမား အဖွဲ့အစည်း တို့က ပူးပေါင်းပြီး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲမှာ နိုင်ငံတကာရှိ ဥပဒေများနဲ့ ပြည်တွင်းရှိ ဥပဒေများကို နှိုင်းယှဉ် ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို ဆွေးနွေးရာမှာ  အလုပ်သမားနဲ့ လယ်သမား အရေးတို့ အတွက် အဓိကထားပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ Purple Equity Law Firm မှာဆိုရင် အလုပ်သမား တွေနဲ့ အဓိက ပတ်သက်တဲ့ ဥပဒေ ရေးရာတွေကို လုပ်ဆောင် ပေးနေတာ ဖြစ်ပြီး လယ်သမား ကိစ္စရေးရာတွေ ပေါ်ပေါက် လာတဲ့ အပေါ်မှာလည်း အချို့ ကိစ္စရပ်တွေကို အခကြေးငွေ မယူဘဲ ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။MRTV4 NEWS

မြန်မာနိုင်ငံ၏ အကြီးဆုံးဟံသာဝတီ(ပဲခူး)လေဆိပ် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အားမြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လာမည့်နှစ်များ၌ ခရီးသည်ဝင်ရောက်မှုမှာရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းဖြင့်
လုံလောက်မှု မရှိနိုင်ခြင်းကြောင့် အဆိုပါလေဆိပ်ကို တည်ဆောက်ရခြင်းဖြစ်သည်။
လေဆိပ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အပြီးတည်ဆောက်သွားမည်သည်။
ဟံသာဝတီလေဆိပ် ဆောက်လုပ်ပြီးစီးလျှင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယခင်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်းလေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးတင်နိုင်ထွန်းက ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း ကို ၁၉၉၀ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်
စီမံကိန်းစတင်နိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။