အသက် ၁၃ နှစ်ပြည့်ပြီး ပြီဖြစ်တဲ့ ကလေးငယ်များ အလုပ် လုပ်ကိုင် လိုပါက
သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ရဲ့ ဆေးစစ်ချက် ရရှိပြီးမှသာ အလုပ်
လုပ်ကိုင်ခွင့်
ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ သိရပါတယ်။ အခုလို ဆေးစစ်ချက် ပါရှိပြီးမှသာ အလုပ်မှ တာဝန်ရှိသူက ခန့်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်နေတဲ့ အထဲမှာ အသက် ၁၃ နှစ်ပြည့်ပြီး ဆေးစစ်ချက် ပြုလုပ်ထားခြင်းမျိုး မရှိတဲ့ ကလေး လုပ်သား ရှိ၊ မရှိကိုလည်း ခန့်ထားတဲ့ တာဝန်ရှိသူမှ စစ်ဆေးမှုကို ပြုလုပ် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။